အခန်း ( ၃၄ ) မနာလိုမှု

100 11 0
                                    

     လူအကုန်လုံး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ 1.9 မီတာ( 6ပေ 2လက်မ)လောက် အရပ်အမြင့်ရှိတဲ့လူကြီးက ထူးဆန်းတဲ့အနေထားနဲ့ ကြမ်းပြင်မှာ လဲနေတာကို တွေ့လိုက်ရသည်။ သူ့ရဲ့ခေါင်းကတော့ စုန့်ကျားရန်ဘက်ကို မျက်နှာမူထားတယ်။

     စုန့်ကျားရန်က အပြုံးလေးနဲ့ " ငါတို့တွေက တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးကြသေးဘူးလေ။ ငါတို့တွေ့ရင် အဲ့လောက်ထိ ယဥ်ကျေးနေစရာ မလိုပါဘူး။ "

     လူအုပ်ထဲက တစ်ယောက်က ရုတ်တရက် အကျယ်ကြီး ရယ်လိုက်မိသည်။ အဲ့နောက်မှာတော့ ရယ်သံတွေ ပျံ့နှံ့သွားသည်။

     ကြမ်းပြင်မှာလဲနေတဲ့ လူထွားကြီးရဲ့မျက်နှာဟာ ကြည့်ရဆိုးနေလေသည်။ သူက ထဖို့အသဲသန်လုပ်နေပေမယ့် လှုပ်လို့မရဘူး။

      စုန့်ကျားရန် ငုတ်တုတ်ထိုင်ချလိုက်ပြီး သူ့ရဲ့နား နားမှာ တီးတိုးပြောလိုက်သည်။

     " ရှင် လှုပ်လို့မရတော့ဘူးဆိုတာ ခံစားမိတယ်မလား ? "

     ထိုလူက အံကိုကြိတ်ကာ " မင်း ငါ့ကိုဘာလုပ်လိုက်တာလဲ ? "

     " ဟတ် ... ရှင်က လူတွေကိုအနိုင်ကျင့်ရတာ ကြိုက်တယ်မလား ? နောင်ကျလို့ ရှင်မတ်တပ်မရပ်နိုင်တော့ဘူးဆိုရင် လူအရေတွက် ဘယ်လောက်များများက ရှင့်ကိုအနိုင်ကျင့်မယ်ဆိုတာ ဘယ်သူကများ သိနိုင်ပါ့မလဲနော်။ ပျော့ပြဲနေတဲ့အရာလို မြေပြင်ပေါ်မှာပဲ လဲနေရပြီးတော့ ဘယ်သူမဆို ရှင့်ကိုတက်နင်းနိုင်ပြီလေ။ "

     ထိုလူရဲ့ နားထဲမှာတော့ သူ(မ)ရဲ့အသံဟာ ငရဲက မကောင်းဆိုးဝါးတစ်ကောင် အလားပဲ။ လူထွားကြီးရဲ့ ခန္ဓာကိုယ်က တုန်ယင်လာကာ မျက်နှာကနေ ချွေးစေးတွေ စီးကျလာသည်။

     သူ့ကို ဒီလိုပုံနဲ့တွေ့လိုက်ရတော့ စုန့်ကျားရန်လက်လှမ်းလိုက်ပြီး ထိုလူရဲ့ဂုတ်နောက်ကျောဘက်ကို အသာအယာစမ်းလိုက်သည်။ သူ(မ)လက်ထဲမှာ ငွေရောင်အပ် တစ်ချောင်းပြန်ပါလာသည်။ သူ(မ)က နောက်ကိုလှည့်လိုက်ပြီး ၀မ်ယီဖန်ကို ညင်ညင်သာသာတွဲကာ " ယီဖန် ငါ မင်းကို ပြန်လိုက်ပို့ပေးမယ် "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now