အခန်း ( ၃၆ ) ကျေးဇူးပြုပြီး သူ့ကို မပြောပါနဲ့

100 10 0
                                    

     စုန့်ကျားရန် အခန်းထဲက ထွက်ပြီး ပုံရိပ်နောက်ကို လိုက်သွားသည်။ အသုံးမပြုတော့သော ပစ္စည်းသိုလောင်ရာအခန်းတစ်ခုထဲမှာ ပုံရိပ်လေးတစ်ခုက ကြမ်းပြင်မှာ ထိုင်နေတာကို သူ(မ) တွေ့လိုက်ရသည်။ အဲ့အမျိုးသမီးက သူ့(မ)ကို ကျောပေးထားတဲ့အတွက် အဲ့မိန်းကလေး ဘာတွေလုပ်နေလဲဆိုတာကို သူ(မ) မမြင်ရဘူး။ သူ(မ) ( စုန့်ကျားရန် ) သူ့(မ)ကို လှမ်းခေါ်လိုက်သည်။

     " ၀မ်လင် "

     ၀မ်လင် သူ(မ)နောက်ကျောဘက်ဆီက အသံကိုကြားလိုက်တဲ့အခါ သူ(မ)ကိုယ်လေး တုန်ယင်သွားသည်။ သူ(မ)လက်ထဲက ပစ္စည်းလေးက ပြုတ်ကျသွားပြီး အိတ်အကြည်ထဲက အဖြူရောင်အမှုန့်တွေကလဲ ထွက်ကျကုန်သည်။

     ၀မ်လင်ရဲ့ အမူရာက မူမမှန်လို့ စုန့်ကျားရန်က သူ(မ)ရဲ့ နောက်ကို လိုက်လာခဲ့တာ ဒါပေမယ့် ဒီလိုမြင်ကွင်းမျိုးကို တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။

     " နင် မူးယစ်ဆေးသုံးနေတာလား ? "

     ၀မ်လင်ရဲ့ကိုယ်က တုန်ယင်နေပြီး သူ(မ)မျက်နှာက နာကျင်မှုနဲ့ ပြည့်နေတယ်။ ဆေးစွဲမှုလက္ခဏာတွေ ထကြွနေတယ်ဆိုတာ အသိသာကြီးပဲ။ သူ(မ)က စုန့်ကျားရန် ခြေထောက်ကို ဖက်ကာ " မမလေး ကျေးဇူးပြုပြီး ယီဖန်ကို ပြန်မပြောပါနဲ့။ ဒီအကြောင်းတွေကို ယီဖန်ကို မသိစေချင်လို့ပါ။ ကျေးဇူးပြုပြီး။ "

    သူ(မ)ကပြောနေရင်း မြေပြင်မှာ ပြန့်ကျဲနေနဲ့ ဆေးတွေကိုလဲ ပြန်ကောက်ယူနေသည်။ စုန့်ကျားရန်က သူ့(မ)ကို အေးစက်စွာကြည့်လိုက်ပြီး " နင့်ကိစ္စပြီးသွားရင် ထွက်လာခဲ့။ ငါနင့်ကို မေးစရာရှိတယ်။ "

      10 မိနစ်လောက်အကြာမှာတော့ ၀မ်လင်က အခန်းထဲကနေ ပြန်ထွက်လာတယ်။ သူ(မ)အခြေနေက အရင်ကထပ်ပိုကြည့်ကောင်းသွားတယ်။ သူ(မ)က ခေါင်းကိုငုံ့ထားပြီး စုန့်ကျားရန်ကို မကြည့်၀ံ့ဘူး။

     စုန့်ကျားရန်က မေးလိုက်သည်။

     " (ဆေးသုံးတာ)ဘယ်လောက်ကြာနေပြီလဲ ? "

     " 3လရှိပါပြီ "

     စုန့်ကျားရန်က မယုံနိုင်စွာနဲ့ " ဒီလိုပစ္စည်းမျိုးကို သုံးနိုင်ရအောင် ပိုက်ဆံတွေကို ဘယ်ကရလဲ ? "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now