အခန်း ( ၁၅ ) ကယ်တင်ရှင်

85 10 0
                                    

     စုန့်ကျားရန်က ပြန်မဖြေဘူး။ ၀တ်ရုံမဲနဲ့လူတွေ သူ့မောင်အခန်းထဲကနေ ပန်းချီကားခိုးသွားတာကို သတိရမိတော့ " ခုနကတင် နင့်အခန်းကို ပြန်သေးတယ်မလား ? "

     စုန့်ချူးရန် ခေါင်းညိမ့်လိုက်တယ်။

     စုန့်ကျားရန် နောက်တစ်ခါ ထပ်မေးသည်။

     " ဘာ မူမမှန်တာရှိနေလဲ ? "

     စုန့်ချူးရန်က မျက်မှောင်ကြုံ့ပြီး " နင် ဘာလုပ်လိုက်သေးလဲ ? "

     သူ့ရဲ့မေးခွန်းကြောင့် စုန့်ကျားရန် လှောင်ရယ်မိသည်။

     " ငါက ဘာလုပ်နိုင်မှာလဲ ? ဒါမှမဟုတ် ငါဘာလုပ်ခဲ့သလဲလို့ နင့်ကို မေးသင့်လား ? "

      စုန့်ချူးရန် ပြောစရာ စကားပျောက်သွားသည်။ စုန့်ကျားရန် ဘာလုပ်ခဲ့သလဲ သူ မပြောနိုင်ဘူး။ သူက သူ့(မ)ကို အမြဲတမ်း ဆိုးဆိုးရွားရွားတွေးနေမိတဲ့ပုံပဲ။

     စုန့်ကျားရန်က တံခါးမပိတ်ခင် သူ့ကိုလှောင်ရယ်ပြီးကြည့်လိုက်လေသည်။

     စုန့်ချူးရန်ကတော့ တံခါးရှေ့မှာ ဆက်ရပ်နေပြီး ပိတ်ထားတဲ့တံခါးကို ဝေခွဲမရဖြစ်တဲ့ပုံနဲ့ ကြည့်နေတယ်။

     ဒါပထမဆုံးအကြိမ် နှင်ထုတ်ခံရတာပဲ။ သူ(မ)ဆီကို သူလာတိုင်းမှာ စုန့်ကျားရန်က အရမ်းပျော်နေခဲ့တာ အခုတော့ ဘာလို့မတူတော့တာလဲ ?

     ဒါသူလိုချင်နေခဲ့တဲ့အရာ မဟုတ်လား ? သူ့ရင်ထဲက အစ်မက ဘယ်တုန်းကမှ စုန့်ကျားရန် မဟုတ်ခဲ့ဘူးလေ။ စုန့်ယိုယိုသာလျှင် သူ့အစ်မဖြစ်သင့်တာ။ ဒါပေမယ့် ဘာလို့ သူစိတ်မသက်သာဖြစ်နေရတာလဲ ?

     စုန့်ယိုယိုက အနောက်ကနေ ထွက်လာပြီး စုန့်ကျားရန်ကို လှောင်မလို့ရောက်လာလေသည်။ အဲ့တာက သူ(မ) အမြဲလုပ်လေ့ရှိတဲ့ အရာပဲ။ သူ(မ)အဲ့လိုလုပ်လို့ စုန့်ကျားရန်ရဲ့ ယုံကြည်မှုက ဟိုးအောက်ကျသွားပြီး စုန့်မေ့ယွီရဲ့အနားတောင် မကပ်နိုင်တဲ့အထိပဲလေ။

     အခုတလော သူ(မ)ရဲ့ပြောင်းလဲမှုကြောင့် စုန့်ယိုယို အနည်းငယ် စိုးရိမ်လာတယ်။ နံစော်နေတဲ့ပိုးကောင်က မိလ္လာရေဆိုးပိုက်ထဲမှာပဲ အမြဲနေသင့်တာကို အပြင်တိုးထွက်ဖို့များ တွေးရဲသေးတယ်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now