အခန်း ( ၄၈ ) သတင်းထွက်နေတဲ့ ချစ်သူကောင်မလေး

127 12 0
                                    

     သိပ်မကြာခင်မှာပဲ ကားထဲကနေ အမျိုးသမီးတစ်ယောက်ထွက်လာတယ်။ ခါးလောက်ရှိတဲ့ဆံပင်ကို လှိုင်းတွန့်အကောက်ကြီးကြီးအဖြစ် ပုံသွင်းထားပြီး ကျောမှာချထားတယ်။ ကောင်းမွန်လှတဲ့ သူ(မ)ရဲ့ အသားရည်ဟာ သူ(မ)ရဲ့ လှပတဲ့အနီရောင် နှုတ်ခမ်းလေးနဲ့ ပရံသင့်နေတယ်။ မျက်လုံးအဖမ်းစားဆုံးအရာကတော့ သူ(မ)ညာမျက်လုံးအောက်က အနီရောင် အမှတ်လေးပဲ အဲ့တာလေးက သဘာ၀ကျကျကို ဆွဲဆောင်နေတယ်။

     အမျိုးသမီးက ကားထဲကနေထွက်ပြီး ဘေးဘက်နားမှာ ကြောင်ပြီးရပ်ကြည့်တဲ့ စုန့်ချူးရန်ကို တွေ့တဲ့အခါ မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

     " နင် ဘာလုပ်နေတာလဲ ? မြန်မြန်လာပြီး ကူပေးဦးလေ။ "

     ရင်းနှီးနေတဲ့ အသံကြောင့် စုန့်ချူးရန် အလန့်တကြားနဲ့ မျက်လုံးတွေ ဝိုင်းစက်ကုန်သည်။

     " မင်းးးးးး မင်းက စုန့်ကျားရန် "

     အဲ့တော့မှပဲ စုန့်ကျားရန်က သူ(မ)ပြောင်းလဲသွားတာကို သတိရသွားတယ်။ ကြောင်အမ်းနေတဲ့ စုန့်ကျားရန်ကို ကြည့်လိုက်ပြီး သူ(မ) သူ့ကို စချင်သွားသည်။ သူ့ရဲ့ဘေးနားကို သွားလိုက်ပြီး သူ(မ)ရဲ့လက်ကို သူ့ပုခုံးပေါ်တင်လိုက်တယ်။ သူ့ရဲ့နားထဲကို ညင်ညင်သာသာနဲ့ တီးတိုးလေးပြောလိုက်တယ်။

     " မင်းက ငါ့ကို ဘယ်သူလို့ ထင်နေလို့လဲ ? "

     ပြီးတော့ စုန့်ချူးရန် မျက်နှာကြီးနီရဲသွားတာကို သူ(မ) တအံ့တသြကြည့်နေမိတယ်။ သူ့ရဲ့နားသီးလေးတွေကတောင် အနည်းငယ်ရဲနေတယ်။ သူ(မ)က ပြုံးလိုက်ပြီး " မင်းက ရှက်သွေးဖြာလွယ်တာပဲ။ မင်း အခုချိန်ထိ လူပျိုလေးဖြစ်နေတုန်းလို့ မပြောနဲ့နော်။ "

     စုန့်ချူးရန် သူ(မ)ရဲ့ လက်ကို ဖယ်ထုတ်လိုက်ပြီး ဒေါသတကြီးနဲ့ အော်လေတယ်။

     " မင်းက အရှက်မရှိတဲ့ မိန်းမပဲ "

     စုန့်ကျားရန်ကလဲ စုန့်ချူးရန် ပိုပြီးဒေါသထွက်မှာစိုးလို့ ပြုံးလိုက်ပြီး လွှတ်ပေးလိုက်တယ်။ သူ(မ)က နာခံစွာနဲ့ မြန်မြန်ပြောလေသည်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now