အခန်း ( ၂၀ ) ကျွန်မတို့ ရှင်တို့အပေါ်မှာ အကြွေးမတင်ထားဘူး

79 10 0
                                    

     ပုံမှန်ဆို ယန်ကျင်းချန်းရဲ့ စိတ်မပါတဲ့ပုံကို တွေ့ရင်တောင် စုန့်မေ့ယွီက ဘာမှမပြောခဲ့ဘူး။ အခုတော့ သူ(မ)အရင်လို ယဥ်ကျေးနေမှာ မဟုတ်တော့ဘူး။

     " ယန်သခင်လေးက ဘာဖြစ်နေတာလဲ ? ဘာလိုသူ့ကိုကြည့်ရတာ မပျော်နေတဲ့ပုံပေါက်နေရတာလဲ ? ရှင်တို့မိသားစုကို အနှောင့်ယှက်ဖြစ်စေလို့ ကျွန်မတို့ကို မကြည်တာလား ? "

     သူ(မ)ရဲ့ မယဥ်ကျေးတဲ့ စကားလုံးတွေကြောင့် ယန်မိသားစုတွေအကုန် ကြက်သေသေသွားတယ်။ စီးပွားရေးနယ်ပယ်ထဲမှာ ကျော်ကြားတဲ့အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ စုန့်မေ့ယွီကို ယန်ကျင်းချန်းက လေးစားတယ်။ ဒါကြောင့်သူ့လက်ကို ဆုတ်ကိုင်လိုက်ပြီး (တရုတ်လူမျိုးများ အရိုသေပေးသော အပြုမူ) " အဲ့လိုမဟုတ်ပါဘူး အန်တီစုန့် ကျွန်တော်မနေ့က ကောင်းကောင်းအနားမယူလိုက်ရလို့ပါ "

     " ယန်သခင်လေးဆီကနေ အန်တီလို့ခေါ်တာ မခံနိုင်ဘူး။ မင်းကောင်းကောင်း အနားမယူရသေးရင်လဲ အပြင်လျှောက်သွားပြီး မဟုတ်တမ်းတရားတွေ ကရားရေလွတ် လျှောက်ပြောမနေနဲ့။ အိမ်မှာ နားနေတာ ပိုမကောင်းဘူးလား ? "

     မြို့ထဲက လူတိုင်းက ယန်ကျင်းချန်းဟာ စုန့်ကျားရန်ကို မုန်းတယ်ဆိုတာကို သိသည်။ တစ်စုံတစ်ယောက်က သူ(မ)ရဲ့ အကြောင်းကို သူ့ရှေ့မှာ ပြောလာရင် အဆူ၊အဆဲခံရလိမ့်မယ်။

     ယန်ကျင်းချန်း ကြောင်သွားတယ်။ စုန့်မေယွီရဲ့ အေးစက်စက်မျက်နှာကို ကြည့်နေရင်းက ဒါပထမဆုံးအကြိမ် ခန့်ညားထည်ဝါတဲ့ သူ(မ)ပုံစံကို ကြုံတွေ့ဘူးတာပဲဆိုတာ သဘောပေါက်လိုက်သည်။

    ၀ူယွီက မကျေမနပ်နဲ့ " မစ္စစ်စုန့်က ကျွန်မသားအပေါ် မကျေနပ်ချက်တွေရှိနေပုံပဲ။ အဲ့တာဆိုရင်လဲ စေ့စပ်ထားတာကို ဖျက်ရအောင်လေ။ "

     သူ(မ)က ပြောပြီးတဲ့အခါ စုန့်မေ့ယွီတောင်းပန်လာမှာကို မိန့်မိန့်ကြီးစောင့်နေတယ်။ ဒါက သူတို့တွေ အမြဲလုပ်နေကျအကွက်ပဲ။ သူ(မ)က ပေါ်တင်ကြီးခြိမ်းခြောက်နေလဲ ဘာဖြစ်လဲ။ သူတို့ရဲ့သားကို သူ(မ)သမီးကကြိုက်နေတဲ့အတွက် စုန့်မေယွီက သူ(မ)အရှေ့မှာ နှိမ့်ချနေရမှာပဲလေ။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Место, где живут истории. Откройте их для себя