အခန်း ( ၃၇ ) ထောင်ချောက်ထဲသို့ ကျရောက်ခြင်

81 9 0
                                    

     ၀မ်ယီဖန်က ခွဲစိတ်မှုပြီးရင် ဘာတွေလုပ်မယ်ဆိုတာကို ပြောပြနေသည်။ အပြင်မှာရှိနေတဲ့ ပန်းလေးတွေကို သူမြင်ချင်တယ် သစ်ပင်တွေ၊ ကောင်းကင်ကြီးနဲ့ ပင်လယ်ကမ်းခြေတွေ ...

     စုန့်ကျားရန်က ဒီလိုကလေးဆန်တဲ့အရာလေးတွေကို စိတ်ရှုပ်စရာလို့ မထင်ပါဘူး။ ညရောက်မှပဲ သူ(မ)ပြန်ဖို့ပြင်လိုက်တယ်။

     သူ(မ) မထွက်သွားခင်မှာ ၀မ်ယီဖန်က " ကျွန်တော် အမြင်ချင်ဆုံးအရာကတော့ ကျွန်တော့်အစ်မနဲ့ အစ်မကိုပဲ "

     သူက ရှက်သွေးဖြာနေတဲ့မျက်နှာနဲ့ သတ္တိမွေးပြီး ပြောလိုက်သည်။

     စုန့်ကျားရန် ပြုံးလိုက်ပြီး " ဒါဆိုရင် မင်းစိတ်ပျက်သွားမှာ ငါစိုးရိမ်တယ်။ ငါက ရုပ်မလှဘူးလေ။ "

     " မဖြစ်နိုင်တာ။ အစ်မတို့နှစ်ယောက်က ကျွန်တော့်ရင်ထဲမှာတော့ အကောင်းဆုံးသူတွေပဲ။ "

     သူ့ရဲ့အသံက သေချာမှုတွေနဲ့ ပြည့်နေသည်။

~

     စုန့်ကျားရန် ၀မ်ယီဖန်ရဲ့ လူနာဆောင်ကနေထွက်လာပြီးတော့ စုန်ချူးရန်ရဲ့ လူနာဆောင်ဆီကို သွားလိုက်သည်။ စုန့်ချူးရန် အိပ်ပျော်နေပြီဆိုတာကို ပြတင်းပေါက်ကနေတစ်ဆင့် တွေ့လိုက်ရတယ်။ သူ့ကို အနှောက်ယှက် မပေးတော့ပါပဲ တိတ်တိတ်လေးသာ ထွက်လာလိုက်သည်။

     စုန့်ကျားရန် အိမ်ပြန်ရောက်တဲ့အခါ သူ(မ)ရက်အတန်ကြာ မတွေ့ဖြစ်တဲ့ ၀မ်ယောင်ထျန်ကလဲ အိမ်ပြန်ရောက်နေတယ်။

     သူ(မ)ပြန်လာတာကို တွေ့တဲ့အခါ စုန့်မေ့ယွီက ခပ်မြန်မြန်ပြောလာသည်။

     " ချူးရန်ရော အဆင်ပြေရဲ့လား ? အမေ ဒီနေ့ အရမ်းအလုပ်ရှုပ်နေတာနဲ့ သူ့ကိုသွားတွေ့ဖို့ အချိန်မရှိဘူး ဖြစ်သွားတယ်။ "

     ၀မ်ယောင်ထျန်က လှောင်ရယ်ကာ " သူ(မ)က ဘယ်တွေလျှောက်လည်နေလဲတောင် မသိဘူး။ ဒီနေ့ ယိုယိုကဆေးရုံသွားပြီး ချူးရန်ဆီသွားသေးတယ်လေ။ ယိုယိုက သူ့(မ)ကို မတွေ့ခဲ့ပါဘူး။ "

     စုန့်မေ့ယွီက နှုတ်ခမ်းကိုစေ့လိုက်ပြီး ပြန်ပြောချင်နေပေမယ့် စုန့်ကျားရန်က တားလိုက်သည်။ သူ(မ)က ၀မ်ယောင်ထျန် ထေ့ငေါ့နေတာကို လျစ်လျူရှုပြီး တစ်ခြားကိစ္စတစ်ခုကို စပြောလိုက်တယ်။

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now