အခန်း ( ၄၆ ) ကပွဲ

108 12 0
                                    

     တစ်ခုခုများဖြစ်နေလားဆိုပြီး သူ(မ)အောက်ထပ်ကို မြန်မြန် ဆင်းသွားလိုက်သည်။ ကျောင်းဆရာဆီကလာတဲ့ ဖုန်းလို့ ဘယ်သူကထင်မိမှာလဲ ?

     ဆရာက သူ့(မ)ကို မနက်ဖြန်ကျရင် ကျောင်းကပွဲတက်ဖို့ လှမ်းသတင်းပေးလေသည်။ ကပွဲက နောက်လတုန်းက လုပ်ဖို့စီစဥ်ထားပေမယ့် ကျောင်းနှစ်ပတ်လည်ပွဲကြောင့် ကျင်းပဖို့နောက်ကျသွားတယ်။ စုန့်ကျားရန်က ပထမတုန်းကတော့ မသွားချင်ပါဘူး ဒါပေမယ့် စုန့်မေ့ယွီရဲ့ မျက်လုံးထဲက အကြည့်ကိုတွေ့လိုက်ရတဲ့အခါမှာတော့ လက်ခံလိုက်ရသည်။

     စုန့်မေ့ယွီ သူ(မ)ရဲ့ သမီးမျက်နှာလေးကို ကိုင်ကြည့်လိုက်တယ်။ သူ(မ)လေးရဲ့ မျက်နှာပေါ်က အမဲကွက်တွေကို ဖယ်ရှားပြီးသွားတာကို သူ(မ) သိပေမယ့်လို့ သူ(မ) သမီးမျက်နှာကို တွေ့တဲ့အခါ မတတ်နိုင်ပါပဲ မျက်ရည်တွေဝဲလာတယ်။ သူ(မ)ရင်ထဲက ပူပင်သောကတွေကို ဖိနှိပ်ထားလိုက်ပြီး ပြုံးပြကာ " သမီးလေးက အလှဆုံးပဲ။ ဒါတွေအကုန်လုံးက အမေ့ရဲ့အမှားတွေပါ။ သမီးငယ်ငယ်တုန်းက အမေ သမီးကို မကာကွယ်ပေးနိုင်ခဲ့လို့ နှစ်တွေအကြာကြီး သမီးအခုလို နာကျင်ခံစားနေခဲ့ရတာ။ "

     စုန့်ကျားရန် အတွေးတစ်ခုပေါ်လာတယ်။

     " မေမေ သမီးမျက်နှာမှာ အမဲကွက်ဘာလို့ပေါ်လာတာလဲ ဆိုတာကို အမေသိထားလား ? "

     အေးစက်တဲ့အလင်းတန်းတစ်ခု စုန့်မေ့ယွီမျက်၀န်းထဲမှာ ပေါ်လာပြီး သူ(မ)က အေးစက်စွာနဲ့ ရယ်လိုက်သည်။

     " ဆေးရုံက ရောဂါဖြစ်ရတဲ့အကြောင်းရင်းကို ရှာမတွေ့ခဲ့ကြပေမယ့် အဲ့တာက သမီးကို ပြန်ပေးဆွဲတဲ့လူတွေ ပတ်သက်ရမယ်။ အမေ သမီးအတွက် သေချာပေါက် လက်စားချေပေးမယ်။ "

     " သူတို့က ဘယ်သူလဲ ? "

     သူ(မ) အစ်အောက်ပြီး မေးကြည့်သည်။ သူတို့တွေက ကျောက်စိမ်းဆွဲသီးနဲ့ ပတ်သက်နေမယ်ဆိုတာ သူ(မ)ခန့်မှန်းထားပြီးသားပါ။

     စုန့်မေ့ယွီ ပါးစပ်ဟလိုက်ပြီးမှ နောက်ဆုံးတော့ ဘာမှ မပြောလာဘူး။ သူ(မ)က စုန့်ကျားရန်ရဲ့ ခေါင်းလေးကို ပုတ်ပေးပြီး " ဒီကိစ္စတွေကို သမီး စိတ်ပူစရာ မလိုပါဘူး။ အမေ့ကိုပဲ လွှဲထားလိုက်စမ်းပါ။ အမေ့သမီးလေးက ပျော်နေဖို့ပဲလိုတယ်။ "

ထွားကြိုင်းသော သမီးလေး၏ တန်ပြန်တိုက်ခိုက်မှု ( မြန်မာ ဘာသာပြန် ) Where stories live. Discover now