Part 1

27.5K 2.6K 267
                                    

ကျယ်ပြန့်လွန်းတဲ့ နတ်စစ်မြေပြင်.....

သဲတွေ ရွှံ့ တွေနဲ့ ရောနေတဲ့ရေစီးကြောင်းများ။
နတ်တို့ စစ်ဖြစ်ရာ မြေတလင်းကိုအသုံးမပြုရတော့သည်မှာ ကြာလှပေမဲ့ယခုတော့ ကြီးမားလွန်းတဲ့
ဗွက်အိုင်ကြီးတွေကြောင့် နတ်မျိုးနွယ်
၂ခု စစ်ဖြစ်ထားပြီဆိုတာ သေချာလှသည်။

လောလောလတ်လတ် စိုစွတ်နေတဲ့မြေပြင်အရ စစ်ဖြစ်ထားတာ မကြာသေးကြောင်းအထင်အရှား။

ဒါပေမဲ့ စစ်ကြေညာသံ မောင်းတီးခတ်မှုကြောင့်
နတ်သူငယ်လေးတွေ ခေါင်းကုတ်နေရသည်။

သူတို့ရန်ထပ်ဖြစ်ပြန်ပြီ။

"ကယ်ပါအုံးကွာ..သူတို့ရန်ဖြစ်တာကအရေးမကြီးဘူး..သူတို့နှစ်ယောက်ကို အားပြုရှင်သန်နေရတဲ့ ငါတို့သီးနှံနတ်တွေကဘယ် ချောင်ပြေးခိုရမလဲ မသိဖြစ်နေပြီ။"

"ဟုတ်ပါ့...ရေနတ်သားနဲ့မြေနတ်သား စစ်ဖြစ်ပြီဆို ငါတို့ သီးနှံတွေကနှုံးတွေကြားထဲနစ်ကုန်တော့တာ။

နောက်တစ်ခါ နတ်သဘင်အစည်းအဝေး
သွားခွင့်ရှိရင် နတ်ဘုရားကြီးကို
အကြောင်းကြားရမယ်။

စစ်ဖြစ်တိုင်း စွမ်းအားတွေမသုံးဘဲလက်နဲ့ချည်းတိုက်ဖို့"

မကြာပါ....နတ်စစ်မြေပြင်ရဲ့အလယ်မှာ
စုစည်းသွားတဲ့ တိုက်ခိုက်မဲ့သူနှစ်ဦး...

စစ်ဖြစ်တယ်ဆိုလို့ လူအုပ်လိုက်ကြီးချီတတ်လာတာမဟုတ်။
သူတို့နှစ်ယောက်တည်းသာ မျက်နှာချင်းဆိုင်တိုက်ခိုက်တာ။

"ဝေ့...သေးစီးကြောင်းလေး...နေကောင်းရဲ့လား..."

မြေနတ်သားရှောင်းကျန့်က သူ့ဝတ်ရုံ
အောက်စကို အနည်းငယ်လှပ်လို့ ရေနတ်သား ကိုလှမ်းစတယ်။

"မင်းရဲ့ရေတွေက ငါ့ညီလေးကနေပြန်ထွက်တာကွ။
Wow.....တကယ်ကိုမိုက်တယ်။

နောက်တစ်ခါ သဲမြေပေါ်မှာ
ငါ့ညီကထွက်တဲ့ မင်းအမျိုးလေးနဲ့မင်းပုံတူ ပန်းချီကားလေးဆွဲပေးမယ်မိုနာလီပေါ် ဆိုပြီး..ဟားးး...ဟားးး...ဟားးး"

ပြောင်စပ်စပ်နဲ့ ရှောင်ကျန့်ကို ရိပေါ်က
မျက်နှာထားတင်းစွာနဲ့ ကြည့်နေတယ်။

'Love' is in the boxing ring{Completed}Donde viven las historias. Descúbrelo ahora