Part 33

10.9K 1.8K 151
                                    

"ပါးပါး...သက်သာရဲ့လား"

"သက်သာပါတယ်ကွာ။သားလည်းရောက်တည်းက
ပါးပါးကိုပဲပြုစုနေရတာ။နားပါအုံးလား။Nurse
တွေလည်းရှိနေတာကို ။စိတ်ပူစရာမလိုပါဘူး"

ဘေးနားကရေခွက်လေးထဲရေငှဲ့လို့ပါးပါးကို
ပြန်ပြုံးပြမိသည်။မနားရသေးတာထက် မနား
နိုင်သေးတာဆိုပိုမှန်မလား။မနေ့က ပါးပါး
Accidentဖြစ်လို့ ဆေးရုံတင်ထားရတယ်ဆို
ပြီးအိမ်တော်က လူတွေရွာထိ လာခေါ်တာမို့
သူတို့၃ယောက်လုံးအရေးတကြီးပြန်လာရသည်။
ဒီရောက်တော့ပါးပါးက ဆေးရုံကဆင်းနေပြီ။
ဖြစ်တာက လွန်ခဲ့တဲ့ ၃ရက်လောက်တည်းကတဲ့။

ရိပေါ်စိတ်မကောင်းဖြစ်မိသည်မှာ ပါးပါးတစ်ခုခု
ဖြစ်နေချိန် အဝေးမှာ ရှိနေခဲ့လို့။ကိုယ့်အပေါ်
အလိုလိုက်လွန်းတဲ့ပါးပါး တစ်ခုခုသာဖြစ်သွားရင်
ယူကျုံးမရဖြစ်မိမှာအမှန်။

"ဦးလေးဝမ်ရော။ဘာပြောလဲ"

"ပါးပါးသတင်းကြားတော့ သူမကြာခင်လိုက်လာ
မယ်ပြောတယ်။အခု အလုပ်တွေက ရူပ်နေတာ
မလို့ အမြန် လက်စသတ်ပြီး လာခဲ့မယ်တဲ့"

"ခွေးကောင်လေး။အစ်ကိုတစ်ယောက်လုံး
ဖြစ်တာတောင်အလုပ်ကို မစွန့်နိုင်သေးဘူး"

"အဲ့လိုမဟုတ်ပါဘူးပါးပါးရာ။ဦးလေးလည်း
အရမ်းစိတ်ပူပြီးချက်ချင်းလိုက်မယ်လုပ်နေ
တာ။လာခေါ်တဲ့လူတွေက သက်သာနေပြီလို့
ပြောမှနေခဲ့တာ"

ကလေးဆိုးကြီးလိုဂျစ်တိုက်နေသည့်ပါးပါးက
ထိုအခါမှ ခပ်ပြုံးပြုံးကြီးငြိမ်ကျသွားသည်။
သူ့ညီ ဂွစာအိုးကိုတော့အတော်ချစ်ရှာသား။

"သား!အခုအချိန် ပါးပါး ဒါတွေမပြောမဖြစ်
ပြောရမယ်လို့ထင်တယ်။Companyအတွက်
သားပြင်ဆင်ပေးထားလို့ရမလား"

သက်ပြင်းကိုခပ်လေးလေးချရင်းခေါင်းငြိမ့်လို့
ပြုံးပြမိတော့ ပါးပါးရဲ့ ဂုဏ်ယူပြုံးကို အေးချမ်းစွာ
တွေ့လိုက်ရသည်။

ဟုတ်သား။ပါးပါးကိုပျော်အောင်ထားခဲ့မယ်ဆို
ဖြန်းတီးမိတဲ့ နာရီတွေအတွက် သူအခုလို
နောင်တရနေမှာမဟုတ်ဘူး။

'Love' is in the boxing ring{Completed}Where stories live. Discover now