"ဒါကဘယ်လိုဖြစ်လာရတာလဲ"
ရွံ့တွေခေါင်းပေါ်အပုံလိုက်နဲ့ သူ့ရှေ့ရောက်နေတဲ့
နတ်နှစ်ပါးကြောင့် နတ်ဘုရားကြီး သက်ပြင်းချမိသည်။ဥယျာဉ်တော်လေးတစ်ခါ တူတူလွှတ်မိပါတယ်။
ဗွက်လူးလာတဲ့ ၀က်တွေလိုပဲ။ထည့်ပေးလိုက်တဲ့သမီးကလည်း သေးပေါက်ချလာတာလား
မေးမိလို့ငိုကြီးချက်မနဲ့ ရှောင်းကျန့်ကိုကျိန်ဆဲသေးသည်။"ဘယ်ကစဖြစ်တာလဲငါ့ကိုပြော!"
"သူအရင်စတာ!""သူအရင်စတာ!"
ပြိုင်တူထွက်လာတဲ့အသံတွေနဲ့အတူ
တစ်ယောက်နဲ့တစ်ယောက်မျက်စောင်းထိုးပြီး
ငြိမ်ကျသွားပြန်သည်။"သွား အပြစ်ပေးဆောင်ကိုနှစ်ယောက်လုံး"
"နတ်ဘုရားကြီး!"
"သွားလို့!"
အော်လွှတ်ခါမှ အရိုအသေပေးနေတဲ့ ရိပေါ်နဲ့
ချက်ချင်းထပြေးတဲ့ ရှောင်းကျန့်။တကယ်ကိုသူထိန်းမနိုင်တာပါ။
•••••••
"နံလိုက်တာ။ချီးတွင်းလိုပဲ"
"မင်းရေတွေကရော သိပ်သန့်နေတယ်ထင်လား။
သေးနံ့တောင်ဒီလောက်မဆိုးဘူး""မင်းဘာလို့ ငါ့ကိုအရင်လာစလဲ"
"မင်းငါ့ကိုတွန်းလှဲလို့လေ"
"မင်းငါ့ပေါ်ကို မလဲစေနဲ့ပေါ့"
"ငါကလည်းသိပ်လဲချင်နေတယ်ထင်လား"
"တိတ်ကြစမ်း!!!"
နတ်စစ်သူကြီးစကားသံနဲ့မှ ငြိမ်ကျသွားတဲ့
နှစ်ယောက်က တစ်ယောက်နဲ့မျက်စောင်း
ထိုးဖြစ်အောင်ထိုးသွားသေးသည်။"မင်းစိမ်နေတဲ့ ရွှံ့ ကန်ကို ပိုနံအောင်လုပ်ပစ်မယ်။"
"မင်းရေပုပ်တွေကို ခဲအောင်လုပ်ပြီး
ညှပ်သတ်မှာ""တော်ကြတော့လို့!!"
ရေနတ်သားကို ရွှံ့ ကန်ထဲထည့်...
မြေနတ်သားကို ရေသိုးကန်ထဲထည့်...
ပြီးရင် တရားမှတ်ခိုင်းထားဆိုပြီး
အမိန့်ပေးခဲ့တဲ့ နတ်ဘုရားကြီးကတော့ သူ့ကိုယ်သူ
ဟုတ်လှပြီထင်နေလိမ့်မည်။
YOU ARE READING
'Love' is in the boxing ring{Completed}
Fanfictionရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့..... ရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့.....