Part 39

11.6K 1.8K 222
                                    

"ချစ်လား!!"

"ဖယ်ကွာ!"

"ချစ်တယ်မလား!"

"၀မ်ရိပေါ်!"

"လုပ်ပါ။ချစ်တယ်လို့ ပြောပေးပါ။တစ်ခါတည်း!"

နိုးနိုးချင်းအကုသိုလ်က ကုန်တင်ကားနဲ့ အစီးလိုက်
ဝင်ကျုံးသည်။ညက သူဖျားနေလို့ တစ်ညလုံးနီးပါ
ပြုစုယုယပေးခဲ့ရပြီး မနက် ၄နာရီ ထိုးခါမှ
ကုတင်ပေါ် မေးတင်လို့ ဖြစ်သလို အိပ်ပျော်
သွားရတဲ့အဖြစ်။မနက်လင်းတော့ ရိပေါ်ပယောဂ
နှင့် ရှောင်းကျန့်တစ်ကိုယ်လုံး ရိပေါ်ရင်ခွင်ထဲမှာ။
ထပြေးမယ်ကြံခါမှ တင်းတင်းကြပ်ကြပ် ပွေ့ဖက်
မှုနဲ့အတူ ချစ်လား ကြိုက်လား မေးခွန်းကို
အရှက်မရှိ မေးလာသည်ဒီလို အခြေအနေတွေကို
သာကြိုသိခဲ့မယ်ဆို မနေ့ကတည်းက သတ်ပစ်
လိုက်ရမှာ။ခုတော့....

"ချစ်လားလို့။!"

"မသိဘူးကွာ။ဖယ်ဆိုဖယ်..အင့်...ငါ..ငါ
အသက်ရူကြပ်နေပြီ"

"မလွှတ်ဘူး။ဒီလို ရင်ခွင်ထဲ ကျွံဝင်မတတ်
ဖက်ထားမှာ။ခုဖြေ!"

သူ့ရင်ဘတ်ကျယ်ကြီးကို ဖြစ်သလိုတွန်းထား
ရတဲ့ ရှောင်းကျန့်လက်ချောင်းတွေလည်း
ခွေလိုခွေ၊ခေါက်လိုခေါက်။

"အ..အား!"

"ဘာဖြစ်တာလဲ!"

ထိုအခါမှ လက်မောင်းနှစ်ဖက်က အားတွေကို
ဖြေလျော့ပေးတဲ့သူက ရှောင်းကျန့်လက်ဖဝါးလေး
ကို နူးနူးညံ့ညံ့ကိုင်တွယ်လာသည်။

"ဒါက!"

လက်သူကြွယ်ရဲ့ အနီစင်းကြောင်းလေးကိုကြည့်
နေတဲ့ ရိပေါ်မျက်လုံးတွေက တအံ့တသြ။
ရှောင်းကျန့် လက်သူကြွယ်လေးပေါ် ရိပေါ်ရဲ့
လက်သူကြွယ်လေး ထပ်ကျလာသည်။
အနီရဲရဲ အစင်းကြောင်းလေးနှစ်ခုက အရွယ်တူ။

"ဒါက ရောဂါပိုးနဲ့တူတယ်။မင်းနဲ့ငါ အကာကွယ်
မပါဘဲ နေလိုက်မိလို့များ မင်းကိုကူးသွားတာ
လား"

တတွတ်တွတ်နဲ့ ရိပေါ်စကားတွေကို ယုန်လေး
က မကြားသလို။ရိပေါ် လက်သူကြွယ်က
အနီရဲရဲအကြောင်းလေးကို ပွတ်သပ်နေပြီး...

"ရောဂါမဟုတ်ဘူး။ဒါက..."

ရုတ်တရက်မော့ကြည့်လာတဲ့ကောင်လေးရဲ့
မျက်ဝန်းအိမ်မှာ မျက်ရည်ကြည်လေးတွေ။
လည်တိုင်ကိုခိုဖက်လာတဲ့ ရုတ်တရက်
ဆန်သော အပြုအမူကြောင့် ခါးသွယ်သွယ်လေး
ကိုထိန်းဖက်ထားလိုက်ရသည်။

'Love' is in the boxing ring{Completed}Where stories live. Discover now