"ဘယ်လဲဒါက!!"
စာရင်းစာအုပ်လေးလက်ကနေပိုက်လို့အိမ်ရှေ့ကို
ပြေးထွက်သွားတဲ့ရှောင်းကျန့်ကြောင့်
နောက်ကနေ အလျင်အမြန်လှမ်းအော်ခေါ်မိတော့
လှည့်ကြည့်လာတဲ့ကောင်လေးက
မျက်မှောင်လေးကြုံ့လျက်။"မင်းမယားလင်ငယ်နေမှာစိုးလို့ လိုက်စောင့်နေရတဲ့
လေသံနဲ့လှမ်းမခေါ်နဲ့။ငါနားကောင်းတယ်""ပြော။အဲ့တာ ဘယ်လဲ"
"ဟိုဘက်ရွာကို နှမ်းအိတ်သွားချပေးတာ
လိုက်သွားမလို့""သူတို့ဖာသာသွားပါစေပေါ့။မင်းသယ်နိုင်လို့လား"
"မသယ်နိုင်လည်းသယ်ရမှာပဲ။အလုပ်သမား
၂ယောက်က ခရီးလွန်နေလို့။၂ယောက်ဝိုင်းသယ်ရင်
နိုင်ပါတယ်။သွားပြီ"ပြောပြီး ထွက်သွားဖို့ပြင်နေတဲ့ရှောင်းကျန့်လက်မောင်းကို
ကပျာကယာလှမ်းဆွဲရင်းခေါင်းကုပ်မိသည်။"ငါ...ငါလိုက်ခဲ့မယ်"
"အလကား အပျင်းလိုက်ဖြေဖို့ဆိုရင်တော
မလိုက်ရပါဘူး။ကားက မဆံ့တော့ဘူး""သယ်ကူမို့ကွာ။မင်းနဲ့သယ်ကူမို့!"
ပြောပြီးရှေ့ကနေသာဦးဆောင်ထွက်လာခဲ့လိုက်သည်။
နောက်ကနေ အမြန်ကပ်ပါလာတဲ့ခြေသံလေးကြောင့်
ပြုံးမိရသေး။မင်းကိုအဲ့ကောင်တွေနဲ့မထည့်ပေးနိုင်ရလောက်
တဲ့ထိ ငါဘာတွေဖြစ်နေပါလိမ့်။🔮🔮🔮🔮🔮
"ဒီပေါ်တက်ရမှာလား"
နှမ်းအိတ်တွေနဲ့ပြည့်နေတဲ့ ကားကြီးပေါ်
အတင်းနဲ့ကုပ်တက်နေတဲ့ရှောင်းကျန့်ကြောင့်
သူခေါင်းကုပ်ကာမေးလိုက်မိသည်။"ဟုတ်တယ်လေ။ဘာလဲ..ဇိမ်ခံကားကြီး
စီးရမယ်ထင်လို့လား။အဲ့တာဆိုလီးပဲလေနော်"ဘာတွေစိတ်တိုနေမှန်းမသိတဲ့ ညစ်ပတ်အိုးက
ကားပေါ်ကိုအတင်းနဲ့ခွတက်နေရင်းမှ
ထဆဲလာသည်။ကားပေါ်ရောက်နေတဲ့
အလုပ်သမား၂ယောက်ကလည်း ရှောင်းကျန့်ကို
ဆွဲတင်ဖို့စိတ်ကူးသေးသေးလေးတောင်ရှိပုံမရ။
မမြင်ဖူးတဲ့အရာကိုစူးစိုက်ကြည့်နေသလို
စိတ်ဝင်တစားရှိနေကြတာကြောင့် ဒီညစ်ပတ်အိုး
ဘယ်လောက်ပေါ်ပြူလာဖြစ်လဲအသိသာကြီး။
YOU ARE READING
'Love' is in the boxing ring{Completed}
Fanfictionရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့..... ရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့.....