Part 3

14.1K 2K 65
                                    

"ဘယ်လိုလဲ..ရေသန့်စင်ရတာ လန်းဆန်းရဲ့လား"

"မှန်လှပါနတ်ဘုရားကြီး"

ဒူးထောက်လျက်က လက်နှစ်ဖက်မြှောက်လို့
ထအော်တဲ့ ရှောင်းကျန့်ကြောင့် နတ်ဘုရားကြီးပင်
လန့်သွားရသည်။ရေချိုးခိုင်းလိုက်လို့ရူးသွားတာများလား။

ရှောင်းကျန့်ကတော့ မြှောက်ထားတဲ့လက်ကြားကနေ
ရိပေါ်မျက်နှာကိုစောင်းငဲ့ကြည့်လို့ ခိုးရယ်သည်။
ရှေ့တူရူကိုသာစိုက်ကြည့်နေတဲ့ ရိပေါ်က
မေးကြောတွေတောင်ထောင်နေပြီ။

"လာရင်းကိစ္စပြောကြ.."

နတ်ဘုရားကြီးစကားစတာနဲ့ ရိပေါ်က အရိုသေပေးလို့

"ကျွန်တော်မျိုး လျှောက်တင်မှာက နတ်ဘုရားကြီးရဲ့.."

"နတ်စစ်မြေကိုပြန်ဖွင့်ပေးပါ!"

စကားကိုလုပြောလိုက်တဲ့ ရှောင်းကျန့်ကြောင့်
မျက်လုံးစိမ်းတွေနဲ့ပြန်ကြည့်တဲ့ရိပေါ်။

"စစ်မြေပြင်ကိုပြန်ဖွင့်ပေးပါ။မဟုတ်ရင် ရေနတ်နဲ့
ကျွန်တော့်ရဲ့စစ်ပွဲက ဒီနန်းတော်ထဲမှာပဲ
ဖြစ်လိမ့်မယ်"

ရှောင်းကျန့်စကားကြောင့် နတ်ဘုရားကြီးရင်ကိုဖိ၍
ဘုရားတမိသည်။သူ့လိုနတ်ဘုရားကိုတောင်
ပြောရဲသောရှောင်းကျန့်။

အပြစ်ပေးမည်ဆိုလျှင်လည်း အပြစ်ပေးသူသာ
ငိုချင်လာသည် သူ့အချိုးကတစ်စက်တောင်
မပြောင်းလဲ။

"နတ်စစ်မြေပြင်ဆိုတာ ကစားကွင်းမဟုတ်ဘူး။
မင်းအားယားပြီးပြသနာရှာတိုင်း
ငါကစစ်ကြေညာနေမှာမဟုတ်ဘူးရှောင်းကျန့်"

"ရပါတယ်။ငါကလည်း မင်းစစ်ကြေညာတဲ့အထိ
ပြသနာရှာမှာ။"

"မင်းငါ့ကို ငယ်ငယ်တည်းက မနိုင်ခဲ့ပါဘူး။
အခုထိအသိတရားမရသေးတာလား"

ရိပေါ်စကားဆုံးတာနဲ့ ရှောင်းကျန့်ရဲ့မျက်နှာမှာ
တင်းမာမှုတွေအပြည့်။ဟုတ်သည်...
ရိပေါ်ဆိုတာ သူလုံးဝအနိုင်ယူလို့မရတဲ့
နတ်တစ်ပါး။

ဘယ်သူ့ကိုမှအနိုင်မယူတတ်တဲ့ ရှောင်းကျန့်က
သူ့တစ်ယောက်ကိုတော့ နိုင်ချင်သည်။

'Love' is in the boxing ring{Completed}Where stories live. Discover now