Part 54

13.2K 1.9K 121
                                    

လှုပ်တုတ်လှုပ်တုတ် အရိပ်ဖြူလေးက မြူတွေ
ဆိုင်းနေတဲ့ပတ်ဝန်းကျင်ကြားထဲ သူ့ဆီတန်းတန်း
ိမတ်မတ်လျှောက်လာနေသည်။ဘေးဘီကို
ကြည့်လိုက်၊သူ့ဆီကိုကြည့်လိုက်နဲ့ ဖြေးဖြေးမှန်မှန်
ခြေလှမ်းလေးတွေက ပုံစံအနည်းငယ်တော့
ပျက်ယွင်းနေခဲ့သည်မှာ အသေအချာ။
မြင်းရေးကွင်းအကျယ်ကြီးကိုဖြတ်လာရသည်မို့
အနားရောက်လျှင် ကျိန်ဆဲတော့မှာသူသိသည်။
သို့ပေမဲ့ သူကိုက ထိုအဆဲလေးမကြားရလျှင်
တစ်နေကုန်နေပျော်မှာမဟုတ်လို့ မြင်းရေကွင်းထိ
ရန်လိုက်စခြင်း။

"ချီးပဲ!မောလိုက်တာ"

မြင်းရေးကွင်းက နားနေဆောင်သေးသေးလေး
အကွယ်မှာ စောင့်နေတဲ့သူ့နားရောက်တော့
ငပေတူးလေးက ချက်ချင်းဆဲဆိုသည်။
ဒူးပေါ်လက်တွေကိုထောက်လို့ အနားယူနေတဲ့
ရှောင်းကျန့်က အခုထိမော့မကြည့်လာသေးတာ
ကြောင့်...

*ဖတ်*

"အ!"

ကုန်းကွကွလုပ်နေတဲ့ကောင်လေးရဲ့ တင်ပါးကို
အားပါပါ ရိုက်ထည့်လိုက်တော့ ချက်ချင်း
မတ်သွားတဲ့ကိုယ်လေးနဲ့ မျက်စောင်းလေးတစ်ခု။

"နာတယ်ကွ!"

"သိတယ်လေ။ဘာဖြစ်လဲ"

အူကြောင်ကြောင်ပုံစံဖမ်းပြီး ထပ်ရိုက်ဖို့
လက်ရွယ်လိုက်တော့ ရှောင်းကျန့်က နံရံမှာ
ပြေးကပ်ပြီး ပေစောင်းစောင်းကြည့်ကာ

"ဘာဖြစ်ချင်နေတာလဲ။"

"အဲ့တာမင်းကိုမေးရမှာ။ဒီလောက် ကွတကွတ
ဖြစ်နေတာတောင် မြင်းရေးကွင်းဆီဘာလာလုပ်
နေတာလဲ။ညက ဘယ်လောက်ထိ...အွန်း!"

ပြူးတူးပြာတာနဲ့ရှောင်းကျန့်က ရိပေါ်ပါးစပ်ကို
အတင်းနဲ့ပိတ်ပြီး ပတ်ဝန်းကျင်ကို မျက်စိကစား
နေရှာသည်။အရှက်သည်းနေတဲ့ ယုန်လေး
လက်တွေကိုဖြေပြီး ချုပ်ထားလိုက်တော့

"လွတ်ဟ!တခြားသူတွေမြင်ကုန်မယ်"

"အဲ့တာဆို ဘာလို့ငါ့စကား နားမထောင်တာလဲ။"

"ကျစ်!ဒီနေ့က အရေးကြီးတာ သင်ပေးစရာ
ရှိလို့ပေါ့ကွာ။ဘာလာရစ်နေတာလဲ"

'Love' is in the boxing ring{Completed}Where stories live. Discover now