"ရိပေါ်...၀မ်ရိပေါ်!"
သူ့ကျောဘက်ကအော်သံလေးကို ဂရုမစိုက်စွာ
ဆက်အိပ်နေလိုက်တော့ လှုပ်လှုပ်ရှားရှား
ဖြစ်သွားတဲ့ကောင်လေးက ဟိုကြည့်ဒီကြည့်။
အအေးဓာတ်ပိုလာတဲ့တောတောတောင်သဘာဝမို့
လက်လေးနှစ်ဖက်ကိုလက်မောင်းမှာ ပွတ်သပ်ရင်း
သူ့အနားကို ထော့နဲ့ထော့နဲ့နှင့် ရောက်လာသည်။"ရိပေါ်!အိပ်သွားပြီလား"
"ဘာလဲ!ငါ့နားမလာနဲ့လေ!"
"မင်းကလည်း"
မျက်နှာလေးညိုးသွားတာက စွာစိလန်မဟုတ်တဲ့အတိုင်း။
ညစ်ပြုံးပြုံးလို့ကောင်လေးကိုကျောပေးအိပ်လိုက်တော့
သူ့လက်မောင်းကိုလာပုတ်ပြန်သည်။"ရိပေါ်!ငါကြောက်လို့ ဒီဘက်လှည့်အိပ်ပေးပါလားဟင်"
"ငါ့ကိုရော မကြောက်ဘူးလား!"
"မင်းနော်!"
"အဲ့တာဆို အဲ့တိုင်းပဲအိပ်!"
ခဏတာတိတ်ဆိတ်သွားတဲ့ကောင်လေးက
သူ့ပခုံးကို ခပ်ဖွဖွလေးလာပုတ်ပြီး"ငါ..ငါ ကြောက်လို့။ပြီးတော့ အရမ်းချမ်း!!
မားမား!!!!!"ဆတ်ခနဲထလို့ ညစ်ပတ်အိုးလေးကိုလက်မောင်းကနေ
ဆွဲလှဲပြီးရင်ခွင်ထဲထည့်ထားလိုက်သည်
သမာဓိကောင်းတဲ့ထဲ ရိပေါ်မှမပါတာ။"ဟေ့...ဟေ့ကောင်"
"ငြိမ်ငြိမ်နေကွာ။ငါအိပ်တော့မှာ"
"အဲ့..အဲ့လိုကြီး "
"ဒီတိုင်းလေးအိပ်မလား။ငါတစ်ခုခုလုပ်တာ
ခံရပြီးမှအိပ်မလား။မင်းကငါ့ရင်ခွင်ထဲမှာဆိုတာ
သတိရနော်"ရုန်းနေတဲ့ကောင်လေးက မရမှန်းသိသွားတာကြောင့်
ငြိမ်ကျသွားမယ်ထင်ခဲ့ပေမဲ့ သူ့ပေါင်ကြားထဲ
တိုးဝင်လာတဲ့ ဒူးခေါင်းလေးတစ်ခု။"အ!!!!"
"ခွေးကောင်!!!!"
အဆက်မပြတ် ကန်ကျောက်ခံရခြင်းရဲ့အဆုံးမှာ
ရှောင်းကျန့်ရဲ့အော်သံစူးစူးလေးတစ်ခု။"အားးးးးးဒေါသထွက်လိုက်တာ!!"
ထော့နဲ့ထော့နဲ့ ထိုခြေထောက်လေးနှင့်ပင်
သူ့နေရာလေးသူပြန်သွားအိပ်နေလေပြီ။
YOU ARE READING
'Love' is in the boxing ring{Completed}
Fanfictionရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့..... ရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့.....