Part 29

11.7K 1.9K 120
                                    

စာရင်းစာအုပ်ကို လက်မှာပိုက်လို့ ဦးလေးဝမ်
အိမ်ရှေ့မှာ သူတစ်ယောက်တည်းရစ်သီရစ်သီ။
မနေ့ကကိစ္စဖြစ်ပြီးကတည်းကသူ အိမ်ကို
တန်းပြန်သွားခဲ့တာ။တစ်ညလုံးလည်းဟိုလှိမ့်
ဒီလှိမ့်နှင့် တွေးတောခန်းဝင်ပေမဲ့ ဘာအကြံမှ
ထူးထူးခြားခြားထွက်မလာ။နောက်ဆုံး
တစ်နေ့လုံးအိမ်မှာခွေခေါက်ပြီးသွားမှ မားမား
ရဲ့ ဖင်တွန်းမှုနဲ့ ညနေဆောင်းအချိန်ဦးလေးဝမ်
အိမ်ရှေ့ကိုရောက်လာရသည်သာ။

အကြာကြီးပျောက်ခဲ့တာက ကိုယ်ဆိုတော့
မျက်နှာချင်းဆိုင်ရင် လိပ်ပြာလုံမှာမဟုတ်။
ပြီးတော့ ရိပေါ်ကိုအားလည်းနာသလိုလို
ကြောက်လည်းကြောက်နေသည်။

"ဘာမှမဖြစ်လောက်ပါဘူး။သူကဧည့်သည်။
အချိန်တန်ရင် အိမ်ပြန်သွားမှာ။
မင်းမှန်တယ်ရှောင်းကျန်!"

ကိုယ်ဖာသာ ခွန်အားတင်းလို့ အိမ်ထဲဝင်ဖို့
ပြင်လိုက်ပေမဲ့ ခြံစည်းရိုးရဲ့ အပေါက်မှာတင်
သူ့ခြေလှမ်းများရပ်တန့်သွားခဲ့ရသည်။

ဆင်ဝင်အောက်မှာခါးထောက်လို့ စူးစူး
စိုက်စိုက်ကြီးကြည့်နေသည့်ရိပေါ်။
လေဆာတွေများပါရင် တစ်ကိုယ်လုံးဖောက်
ထွက်သွားမှာအသေအချာ။မလုံမလဲ မျက်နှာ
လွှဲဖို့ပြင်လိုက်ပေမဲ့ ရိပေါ်ရဲ့ အနားတိုးလာမဲ့
ခြေလှမ်းရဲ့အငွေ့အစက်အသက်ကြောင့်
လျင်လျင်မြန်မြန်ပင်နောက်ဆုတ်လိုက်မိသည်။

သူနဲ့ကိုယ့်ကြားမှာ အကွာအဝေးတစ်ခု ခြားနေ
တာသိပေမဲ့ ကြောက်စိတ်ကြောင့်သူတစ်လှမ်းတိုး
ကိုယ်တစ်လှမ်းဆုတ်။

ရိပေါ်ရဲ့ခြေလှမ်းတွေကတဖြည်းဖြည်း
မှန်လာသည်နှင့် သူလည်း ထပ်ကြပ်မကွာ
လိုက်ဆုတ်မိသည်။အကြည့်ရဲရဲတွေက
မပြောင်းလဲသလို ခြေလှမ်းတွေက
မရပ်တန့်သွား။

ခပ်မှန်မှန်ခြေလှမ်းတွေက အရှိန်ပါလာသည်။
အားကျမခံသူ့ခြေလှမ်းတွေဟာလည်း
အရှိန်တစ်ချို့ဖြင့်နောက်ဆုတ်လျက်။

တဖြည်းဖြည်း...တဖြည်းဖြည်း...

"အားးးးးးးးမားမား!!"

လက်ထဲကစာရင်းစာအုပ်ကိုကောင်းကင်ပေါ်
ပစ်တင်လို့ နောက်လှည့်ရင်းအားရပါးရ
ပြေးထွက်မိသည်။လည်ပြန်ကြည့်မိတော့
တကယ်ကိုရိပေါ်က အားနဲ့မာန်နဲ့ပြေးလိုက်နေ
သည်မှာကြောက်စရာ။

'Love' is in the boxing ring{Completed}Where stories live. Discover now