Part 23

11.7K 1.9K 133
                                    

ဒီနေ့နဲ့ဆိုရှောင်းကျန့် အလုပ်မလာတာ ၄ရက်ရှိပြီ။
သတိမေ့သွားတဲ့ကောင်လေးကို ညခင်းတည်းက
တယုတယ ဖက်အိပ်ခဲ့ပေမဲ့ မနက်ကြတော့
ိအိပ်ယာလွတ်လေးကသာကြိုဆိုနေပြီး ယုန်လေး
ကတော့ပျောက်ချင်းမလှ။ကိုယ့်လုပ်ရပ်က
လွန်သွားတယ်ဆိုတာသိသလို ညစ်ပတ်အိုးလေးကို
မမြင်ရရင်မနေနိုင်တဲ့အတ္တစိတ်ကလည်း
ကြီးစိုးနေပြန်သည်။လာနိုးလာနိုးနဲ့စောင့်နေခဲ့ပေမဲ့
အရိပ်ယောင်လေးပင်မပြ။သူ့အိမ်ကိုသွားဖို့ကြံပြန်တော့
ဂွတိုတို့က လမ်းမပြပေးတာကြောင့်သူ့မှာ
ဘယ်ပြေးလို့ပြေးရမှန်းမသိဘဲဖြစ်နေရသည်။

"ဦးလေးဝမ်!!ရှောင်းကျန့်အိမ်သွားတဲ့လမ်း
သိလားဟင်!"

"သိတယ်လေ။ဘာလုပ်မို့လဲ!"

အဲ့လိုတအံ့တသြနဲ့အထူးအဆန်းလုပ်ပြီးအကြည့်ခံရမှာ
သိလို့မမေးဘဲတင်းခံနေခဲ့တာ။ဒါပေမဲ့ ညစ်ပတ်အိုးကို
တွေ့ချင်စိတ်ကအရာရာကိုအနိုင်ရသွားသည်။

"ကျွန်တော့ကို လမ်းပြောပြ။သွားချင်လို့!"

"အေး!အတော်ပဲ။သူကအလုပ်ကိုပျက်ကွက်တဲ့လူ
မဟုတ်တော့ငါကနေမကောင်းဘူးထင်လို့
သွားမပြောတာ။မင်းသွားရင် ဆန်ပြုတ်လေးဘာလေး
ယူသွားလိုက်!"

"ပြုတ်ပြီးသားလား!"

"မင်းပြုတ်သွားလေ!"

ကြက်ဥတောင်ဖြောင့်အောင်မပြုတ်တတ်တဲ့ဘ၀မှာ
ညစ်ပတ်အိုးလေးစားဖို့ဆန်ပြုတ်ကိုခက်ခဲစွာ
ချက်ပြုတ်ခဲ့ရသည်။မီးဖိုထဲကသူထွက်လာတော့
ချင်းလန်ကခေါင်းတရမ်းရမ်း။မတတ်နိုင်။
မချစ်ဖူးတဲ့အရက်သမားကို တရားချနေလို့
သူ့အချိန်တွေပုပ်ရုံသာရှိမည်။

နှစ်ဆင့်ချိုင့်လေးလက်ကဆွဲလို့ ဦးလေးဝမ်ပြောတဲ့
လမ်းအတိုင်း ရှောင်းကျန့်အိမ်ဆီလှမ်းလာခဲ့လိုက်တော့
လမ်းတစ်ဝက်မှာတက် အနှောင့်အယှက်နဲ့ကြုံရပြန်သည်
အကြောင်းက ဂွတိုတို့အုပ်စု။
ညနေအချိန်ဆို တစ်ရွာလုံးဒင်းတို့ခြေရာတွေချည်း။
သူ့ကိုမြင်တာနဲ့ဘူးစိရဲ့အသံစွာစွာသတိပေးချက်ကြား
အနားကိုအလျှိုလျှိုရောက်လာကြပြီးသူ့ပတ်ပတ်လည်မှာ
မတ်တပ်ရပ်နေကြသည်။သဘောက သွားခွင့်မပြုဘူးပေါ့။

'Love' is in the boxing ring{Completed}Where stories live. Discover now