Part 13

11.9K 1.8K 59
                                    

ဆူညံတဲ့ အသံစုံတွေကြားက မီရောင်ဖျတ်ဖျတ်တွေမှာ
ကခုန်နေတဲ့ မဒီတွေ။ဘေးနားက ချင်းလန်ကတော့
တစ်ခွက်ပြီးတစ်ခွက်သောက်နေတာ အရက်ချိုးကြီး
ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ။

ချောင်ကျကျနေရာလေးမှာမို့ သူကတော့နံရံကိုမှီရင်း
ဖြည်းဖြည်းချင်းသာမျှောဆင်းနေပေးလိုက်သည်။
ကောက်ကြောင်းတွေနဲ့ကောင်မလေးတွေရဲ့
အလှမှာလည်းယစ်မူးရင်းပေါ့။

"လာသောက်နေကြပြန်ပြီခွေးကောင်တွေ။
မင်းအဖေMediaသမားတွေလည်း
ရောက်လာအုံးမယ်"

အနားရောက်လာတဲ့ယွီပင်းက အရက်ချိုးချင်းလန်
လည်ဂုတ်ကိုဖိလို့ သတိပေးတယ်။
ရိပေါ်ကတော့ခပ်ပြုံးပြုံးသာ။

"ပြီးရင်အဲ့ကောင်ကို မင်းထိန်းရမှာနော်။
ဒီညငါကချိန်းထားတာရှိတယ်"

"ငါပဲအမြဲထိန်းနေရတာပါပဲ။နေစမ်းပါအုံး..
ဒီတစ်ခေါက်က မော်ဒယ်လား။"

"အင်း.."

"အေး...၀န်ကြီးသမီးတော့ထပ်မလုပ်နဲ့တော့နော်။
တစ်ခါပဲ ဒုက္ခခံမယ်"

ဟိုတလောက ၀န်ကြီးသမီးနဲ့တွဲတာကိုMedia
သမားတွေမိပြီး အတင်းနဲ့ပတ်လိုက်နေလို့
ခွေးပြေးဝက်ပြေးပြေး ခဲ့ရတဲ့နေ့ရက်တွေကို
သတိရရင်း ယွီပင်းကပြောလာသည်။

"အေးပါကွာ..သြော်...ဆုရှီလာပြီလား"

သူခေါ်ရာဘက်လှည့်ကြည့်မိတော့ တလောကမှ
နာမည်ကြီးထားတဲ့ မော်ဒယ်မလေး။
သူမကလည်း ခပ်ငိုက်ငိုက်ဆောင်းထားတဲ့
ဦးထုပ်လေးကိုချွတ်ရင်း Maskတွေပါ
အကုန်ချွတ်ကာငြီးတွားလာသည်။

"ပူလိုက်တာ!"တဲ့။

မပြောမဆို ၀တ်လာတဲ့အပေါ်ထည်အနက်နဲ့
ဘောင်းဘီတွေကိုပါ ဆွဲချွတ်လိုက်တာမို့
အရက်ချိုးခမျာ အရက်တွေတောင်သီးရသည်ထိ။

ရဲတင်းစွာနဲ့သူမက ရိပေါ်ပေါင်ပေါ်
ဘေးတစောင်းထိုင်ရင်းလည်တိုင်မှာလက်ကို
တွဲချိတ်လို့

"ကြာသွားတယ်နော်။တို့ကိုစိတ်ဆိုးသွားလား"

ခေါင်းကိုရမ်းပြတော့သူမနှုတ်ခမ်းတွေက
ရိပေါ် နှုတ်ခမ်းကိုရန်ရှာလာသည်မို့
နောက်ကိုခေါင်းယို့ရင်း

'Love' is in the boxing ring{Completed}Where stories live. Discover now