Part 44

11.4K 1.9K 159
                                    

"အဆင်ပြေရဲ့လား!!"

"ဟင့်အင်း...ရင်ဘတ်က နာနေတုန်းပဲ"

စားစရာတွေသယ်လာတဲ့ ဗန်းကိုဘေးနားရှိ
စားပွဲပေါ်တင်လို့ ကုတင်ဘေးမှာတပျဉ်လွှဲထိုင်
လာတဲ့ ရိပေါ်ကပေါင်ပေါ်တင်ထားတဲ့ ရှောင်းကျန့်
လက်ကောက်ဝတ်လေးကိုဆွဲယူပြီးသွေးကြော
နေရာလေးဆီ လက်ညိုးနဲ့ဖိကပ်ထားတယ်။

"နေမကောင်းသေးလို့ပါ။ဘာမှမဖြစ်ဘူး"

"ရိပေါ်"

"ဘာလဲ?"

"မင်းငါ့ကိုအနိုင်မကျင့်တော့ဘူးလား?"

ဆန်ပြုတ်ပန်းကန်ထဲမွှေနှောက်နေတဲ့ ဇွန်းလေး
ရဲ့လားရာက အနည်းငယ်နှေးကွေးသွားတယ်။
မျက်လွှာချထားတဲ့ဝမ်ရိပေါ်က သူ့ကို အရင်လို
စိုးရိမ်တကြီးဖက်မထားတော့ ၀မ်းနည်းစိတ်က
အလိုလိုပိုလာရသေး။

"ငါတို့ရင့်ကျက်သင့်ပြီ ရှောင်းကျန့်!"

သြရှရှအသံရဲ့ နောက်ကွယ်ကအဓိပ္ပါယ်တွေကို
လိုက်ကောက်ကြည့်တော့ ခပ်ကင်းကင်းနေ
ကြရအောင်ဆိုသည့် စကားလုံးသာရှာတွေ့သည်။

"မင်းတကယ်ပဲ ငါနဲ့မပတ်သတ်ချင်တော့
ဘူးလား!"

ဆိတ်ဆိတ်နေခြင်းနဲ့ဝန်ခံမှုတစ်ခုမှာ
မျက်ရည်တစ်စက်ဟာ ပါးပြင်ပေါ် အလိုလျောက်
ခုန်ချသွားသည်။

"မင်းသွားလို့ရပြီ!"

ခေါင်းမြီးခြုံလို့ တစ်ဖက်လှည့်အိပ်သွားတဲ့
ရှောင်းကျန့်ကို ခပ်အေးအေးသာကြည့်နေတဲ့
ရိပေါ်။သူသာ စူးစမ်းချင်စိတ်ရှိခဲ့မယ်ဆို
စောင်အောက်ကကောင်လေးရဲ့မျက်ရည်တွေကို
မြင်ရမှာအသေအချာပါပဲ။

"ဒါဆို ...ငါသွားပြီ"

သတိပေးနှုတ်ဆက်ခြင်းနဲ့အတူ ခြေသံတစ်ခု
ဝေးကွာသွားချိန်မှာတော့ အံကြိတ်ထားသမျှ
ဖွင့်ဟငိုကြွေးမိသည်။ရိုက်သံတွေ ထွက်လာတဲ့
အထိ ရှောင်းကျန့် အငိုလွယ်တတ်နေပြီ။

"သွား...မကောင်းတဲ့ သေးအိုးကောင်။
သေတောင်ပြန်မချစ်နဲ့....မင်းကိုလည်း
-ီးတောင် မချစ်တော့ဘူး။ခွေးနာကြီးရဲ့....."

လူ့ပြည်က နှလုံးသားတွေကိုသွားပြန်ကောက်ပြီး
ထည့်ထားလို့ရရင် သိပ်ကောင်းမှာပဲလို့
ခပ်ရူးရူးတွေးမိတဲ့အခါ....

'Love' is in the boxing ring{Completed}Where stories live. Discover now