Part 51

12.8K 1.8K 433
                                    

"ငါ နတ်နန်းသွားရအုံးမယ်။တစ်ခုခုလိုရင် နတ်သူ
ငယ်တွေကိုခိုင်းလိုက်နော်"

"နတ်နန်းကိုဘာသွားလုပ်မှာလဲ"

"နတ်ဘုရားကြီးဆင့်ခေါ်ထားလို့"

မျက်စောင်းလေးနဲ့တစ်ဖက်လှည့်သွားတဲ့
ရှောင်းကျန့်က စကားသံတွေထွက်မလာတော့ဘူး။
တစ်ပတ် သုံးကြိမ်လောက် နတ်နန်းဆီ
ခြေဦးလှည့်နေတာ ကြာတော့ ဘ၀င်မကျတော့။

"ဘာဖြစ်လို့လဲ။တစ်နေနေရာများ
အဆင်မပြေလို့လား!"

"နေရာတိုင်းပြေတယ်။မင်းသာ စိတ်ချလက်ချ
ပျော်ခဲ့"

ရွဲ့ပြောမှန်းမသိတဲ့ ရေနတ်သားငတုံးက ခေါင်းကို
တဆတ်ဆတ် ငြိမ့်လို့ နှုတ်တောင်ဆက်သွား
သေးတယ်။ဒေါသတကြီးပစ်ပေါက်လိုက်တဲ့
ခေါင်းအုံးလေးတွေက ကြမ်းပြင်ပေါ်မှာ
တစ်ကွဲစီ။တစ်ညတည်းချော့ပြီး စိတ်ဆိုးပြေတယ်
ထင်ရင် မှားတာပေါ့။ရှောင်းကျန့် အော်ငိုထားလို့
နာနေတဲ့ အသံတောင်အကောင်းတိုင်းမဖြစ်သေး
ဘူး ဒင်းကသူ့တာဝန်ကျေသလိုလုပ်နေပြီ။

"မချော့ဘူးပေါ့။တွေ့မယ်လေ သေးအိုးကောင်!"

🔮🔮🔮🔮🔮

"ရှောင်းကျန့်ရော!"

သူတို့နှစ်ယောက်ရဲ့အခန်းလေးက လူမရှိဘဲ
လစ်လပ်လို့နေတယ်။အရင်လို ပြန်ရောက်
တာနဲ့ အသံကျယ်ကျယ်ပြောတတ်တဲ့ ညစ်ပတ်အိုး
လေးအနည်းဆုံးတော့ အိပ်ယာပေါ်မှာ
ဂျီကျနေမယ်အောက်မေ့ထားတာ။

"မြေနတ်သား...သူ့နတ်နန်းကို ပြန်သွားပါပြီ"

"ဘာ!!!ခမည်းတော်တို့သိလား?"

"မသိပါဘူး။ခွင့်တောင်းသွားဖို့ပြောတော့
မြေနတ်သားက အိမ်ပေါ်ကဆင်းတာတဲ့။ဘယ်သူ့
ခွင့်လိုမှာလဲဆိုပြီး ထွက်သွားတာ။တားတဲ့လူတွေ
ကိုလည်း သဲတွေနဲ့ပက်သွားသေးတယ်"

တကယ့်ကလေးဆိုးကြီးကျေးဇူးနဲ့ နတ်သူငယ်
လေးတွေလည အဆူခံရမှာစိုးလို့ရူံ့မဲ့မဲ့။
အိမ်ပေါ်ကဆင်းတဲ့နတ်တစ်ကောင်ကို ဘယ်လို
ခြေချုပ်ပြန်ခေါ်ရမလဲတွေးရင်း နန်းတော်အပြင်
ကိုသာထွက်လာခဲ့လိုက်တယ်။ခမည်းတော်တို့
သိရင်လည်း ထူးမှာမဟုတ်။ရှောင်းကျန့်ကို
လက်ထပ်ချင်ကြောင်းခွင့်တောင်းတည်းက
"မင်းမျောက်ဇာတ် မင်းနိုင်အောင် က"ဆိုပြီး
လွှတ်ပေးထားခဲ့တာ။

'Love' is in the boxing ring{Completed}Where stories live. Discover now