Part 9

13.1K 2K 116
                                    

"ငါ့ပေါ်ထစမ်း။!"

်အောက်ကနေ ကျိမ်းဝါးနေတာဆိုပေမဲ့
ရိပေါ်ကခွထားရာကနေ ဖယ်ပေးကာ
ခပ်လှမ်းလှမ်းမှာသွားရပ်နေသည်။

သူလည်းကုန်းရုံးထပြီး ၀တ်ရုံစကို
ခါရင်း ရိပေါ်ကိုမျက်စောင်းနဲ့လှမ်းကြည့်ရာမှ

"မင်းပြန်တော့!"

"ငါ့လက်စွပ်မရမချင်းမပြန်ဘူး!"

"ငါပြန်ပေးမယ်ထင်နေတာလား!"

"ပြန်မပေးရင် ရအောင်ယူမှာပေါ့။စမ်းကြည့်လိုက်လေ!"

ပြန်တင်းမာသွားတဲ့သူတို့ အခြေအနေကို
ရှောင်းကျန့်ကသဘောတကျနဲ့ရယ်သည်။
ထို့နောက် သူ့အကျီ င်္ရင်ဘတ်ထဲမှ လက်စွပ်ဗူးလေးကို
ထုတ်ရင်း

"နိုင်ကွက်လေးက ငါ့ဆီမှာပဲ!"

"ရှောင်းကျန့်။ဒါကစားစရာမဟုတ်ဘူး"

"ငါကရော ကစားနေတယ်ထင်လို့လား။"

"ဒါနတ်ဘုရားကြီးဟာ။တစ်ခုခုဖြစ်သွားရင်
ပြစ်ဒဏ်မသေးဘူးနော်"

"နတ်ဘုရားကြီးပစ္စည်းကမင်းဆီရောက်နေတယ်ဆိုတော့
ယုံချင်စရာ မကောင်းလိုက်တာ။!"

ပြောပြီး တခစ်ခစ်နဲ့ထရယ်တဲ့ ရှောင်းကျန့်ကို
ဂုတ်ကနေဆွဲပြီးသာကိုင်ပေါက်လိုက်ချင်သည်။
ဒီအချိန်သူ့ကို သွားပြီးအနိုင်ကျင့်လို့ကလည်းမဖြစ်။
ဒီလက်စွပ်ကိုသာ တစ်ခုခု လုပ်လိုက်ရင်
ကျရောက်မဲ့အပြစ်ဒဏ်ကမတွေးရဲစရာ။

"ဒါငါနဲ့ရှင်းလီလက်ထပ်ပွဲကျရင်သုံးဖို့ နတ်ဘုရားကြီး
စီစဉ်ပေးထားတာ!"

ပြုံးနေရာမှချက်ချင်းတည်ကျသွားတဲ့ ရှောင်းကျန့်ကြောင့်
စိတ်တော့မကောင်း။မျက်လုံးလေးတွေက
တစ်နေရာကိုငူငေါင်ငေါင်လေးကြည့်နေတာမို့
သူနှစ်သိမ့်ရန်ပြင်လိုက်စဉ်

"ဟား....ဟားး...ဟားး"

အသံပြဲနဲ့ထရယ်တဲ့ရှောင်းကျန့်က မျက်ရည်တွေပင်
ကျလာသည်အထိ။

"အမလေး။နတ်ဘူရားကြီးက လက်ထပ်လက်စွပ်
လုပ်ပေး..အဟွတ် အဟွတ်..အဲ့တာ..မင်းလက်စွပ်ပေါ့
ခွီး"

ရယ်နည်းပေါင်းစုံနဲ့သူ့ကိုလှောင်နေတဲ့ရှောင်းကျန့်က
တကယ်ကိုအူတတ်နေသည့်ပုံ။စိတ်ကိုအတတ်နိုင်ဆုံး
ဆွဲဆန့်ကာ သက်ပြင်းကိုချမိသည်။

'Love' is in the boxing ring{Completed}Where stories live. Discover now