"မင်းပါးပါးလား!"
"အင်း!"
"ပြန်ခေါ်နေတာလား!"
"ဟုတ်တယ်!"
"တကယ်လား။ပြန်လာမယ်လို့ပြောလိုက်တယ်မလား"
ဝမ်းသာအားရ ပြန်မေးလာတဲ့ကောင်လေးကြောင့်
ခပ်ပြုံးပြုံးသာခေါင်းရမ်းမိတယ်။
သိပ်မပြန်စေချင်ရှာဘူး။"ငါကြာအုံးမယ်လို့ပြောလိုက်တယ်"
ချက်ချင်းတည်သွားတဲ့ကောင်လေးက
မျက်စောင်းလေးကိုလည်မမေ့မလျော့။"ဘာလုပ်မှာလဲ။ခြောက်ကပ်ပြီး ဘာမှလုပ်စရာမရှိတဲ့
နေရာကြီးမှာ။ငါသာမင်းနေရာမှာဆို
ဒီလိုနေရာမျိုး ခြေဦးတောင်မလှည့်ဘူး"ခြေလှမ်းမှန်မှန်လေးနဲ့ သူ့ဘေးနား
ကပ်လျှောက်လာတဲ့ကောင်လေးစကားကြောင့်
သက်ပြင်းကိုသာ ချရင်း"ငါလည်း အရင်ကအဲ့လိုပဲတွေးခဲ့တာပဲ။
ဒီလိုခေါင်ခိုက်နေတဲ့အရပ်ဒေသမှာ
တစ်နာရီတောင်မနေဘူးဆိုပြီး။ဒါပေမဲ့.."သူ့စကားရပ်သွားတော့ မျက်လုံးဝိုင်းလေးနဲ့
မော့ကြည့်လာတယ်။စုထားတဲ့ နှုတ်ခမ်းလေး
နှစ်လွှာကလည်းခပ်ရဲရဲလေး။
ဘာအကူအညီမှမပါတဲ့ ညစ်ပတ်ပတ်မျက်နှာလေးက
သွေးကြောလေးတွေထင်းနေအောင်
စိမ်းဖန့်လွန်းနေသည်။ဟုတ်တယ်။မပြန်နိုင်တဲ့ကြိုးလေးထဲမှာ
ဒါလေးပါမယ်ထင်ပါရဲ့။"မင်းရွာထဲက ဘယ်ကောင်မလေးကိုကြိုက်နေလို့
မပြန်နိုင်ဖြစ်နေရတာလဲ!"အနည်းငယ်လှုပ်ခါသွားတဲ့ရင်ဘတ်တစ်နေရာနဲ့အတူ
ရှောင်းကျန့်ကိုသာတအံ့တသြပြန်ကြည့်မိတယ်။"ဆိုင်..ဆိုင်လို့လား!"
"ဆိုင်တာပေါ့။တစ်ရွာသားအချစ်ဆိုတာ
အမြဲပိုတယ်တဲ့။မင်းလည်းတစ်ယောက်ယောက်ကို
သဘောကျနေလို့နေမှာ"သူမပြန်နိုင်ဖြစ်နေတာ ဒီကောင်လေးတစ်ယောက်
တည်းကြောင့်ဖြစ်နေခဲ့တာဆိုတော့မဟုတ်မှ...."မ..မဟုတ်ပါဘူး။ငါကတောသဘာဝလေးကို
သဘောကျမိသွားလို့ပါ။မင်းထင်သလိုမဟုတ်ဘူးနော်"
YOU ARE READING
'Love' is in the boxing ring{Completed}
Fanfictionရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့..... ရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့.....