"ကြိုဆိုပါတယ် ရှင်းလီ"
နတ်စစ်သည်တွေကြားက သူမက အလှဆုံးတောက်ပ
နေပြန်တယ်။လူ့ပြည်က ပြန်လာမှဘာလို့
အရမ်းချောလာရတာလဲ။"ခမည်းတော်"
သူမက နတ်ဘုရားကြီးရဲ့ရင်ခွင်ထဲကလေးတစ်ယောက်လို
ချွဲဝင်ကာ နှုတ်ဆက်တယ်။ပြီးတော့ .....နတ်ဘုရားကြီးရဲ့တစ်ဖက်တစ်ချက်မှာ ရပ်နေတဲ့
သူနဲ့ရိပေါ်ကိုမှ သူမအရင်ဆုံးပြုံးပြခဲ့သည်က
ရိပေါ်ကို။ရူံးပြန်ပြီ။ဒီတစ်ခါလည်း။
"၀မ်ရိပေါ်..."
"ရှင်းလီ!"
"မတွေ့တာကြာပြီနော်"
"အင်း"
မူယာမာယာပိုလွန်းတယ်လို့သာ သူယူဆလိုက်တယ်။
ရှောင်းကျန့် ကို ချေပြချင်လွန်းလို့
မိန်းကလေးတစ်ယောက်ကိုတောင် အင်း နဲ့ဆုံးလိုက်တဲ့
ရိပေါ်။"ရှောင်းကျန့်။နေကောင်းလား"
ရိပေါ်ကိုတော့ လွမ်းနေသူတွေလို 'မတွေ့တာကြာပြီ'
ဆိုတဲ့စကားစုနဲ့နှုတ်ဆက်ပြီးသူ့ကိုတော့
မတက်သာလို့ နှုတ်ဆက်သလို
'နေကောင်းလား'တဲ့။"အင်း"
သူလည်းချေပစွာ အင်း လိုက်မိတော့
ခပ်ရေးရေးပြုံးသွားတဲ့ရိပေါ်။
သူ့တိုင်းလိုက်ပြောလို့လှောင်တာပေါ့လေ။"လာသမီးတော်။နန်းတော်ဆီသွားကြမယ်"
လာကြိုသူတွေအားလုံး နန်းတော်ထဲဝင်သွားပေမဲ့
သူနဲ့ရိပေါ်ကတော့ထုံးစံအတိုင်းရပ်ကျန်နေခဲ့သည်။ရိုးရာမပျက် ရန်ဖြစ်ရအုံးမည်လေ။
"ရယ်လိုက်တယ်နော်။ငါ့ကိုလှောင်တာလား"
"ထင်ချင်သလိုထင်"
"ငါရူံးတယ်လို့များ မင်းတွေးလိုက်သေးလား"
"မင်းကအမြဲရူံးနေတာပဲကို"
"မင်း!!"
လေသံမာမာနဲ့သူ့ကြောင့်ရိပေါ်က
ချထားတဲ့မျက်လွှာအစုံနဲ့မော့ကြည့်လာတယ်။
သူ့ကိုယ်သူသိပ်အေးချမ်းတယ်ထင်တဲ့သေးကောင်။
YOU ARE READING
'Love' is in the boxing ring{Completed}
Fanfictionရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့..... ရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့.....