Part 15

12.1K 1.9K 140
                                    

"မူးသေးလား..."

ကြပ်ထုပ်ထိုးပေးနေတဲ့ ချင်းလန်က စိုးရိမ်တကြီး
သူ့ကိုမေးတယ်။ဦးလေးဝမ်းကတော့ ဘေးနားမှာ
ငုတ်တုတ်။

"ပျော့လိုက်တာကွာ!"

ဦးလေးဝမ်စကားကို ရိပေါ်မျက်နှာသေနဲ့ကြည့်လိုက်တယ်

"ဦးလေးမသိဘဲနဲ့ဝင်မပြောပါနဲ့။Helmetကြီးနဲ့
ငယ်ထိပ်တည့်တည့်ထုခံရတာ မမူးပဲ
နေမလား။အခုထိမူးနေတုန်းပဲ"

"ဘယ်က ကလေးလဲ။ရွာမှာ အဲ့လို ရွစိထိုးပြီးရိုင်းလွန်းတဲ့
ကလေး မရှိပါဘူး"

"မရှိပေလို့ပဲ ဦးလေးဝမ်ရယ်။သူစိမ်းဆိုင်ကယ်ပေါ်
တက်ခွပြီး ကမျင်းတည်းက ဘာဆိုဘာမှ
ကြောက်မဲ့ပုံစံမဟုတ်ဘူး"

သူ့စကားကိုဦးလေးဝမ်က ခေါင်းတငြိမ့်ငြိမ့်။
ရွာထဲက ကလေးတွေရဲ့ပုံရိပ်ကို ဦးလေးဝမ်က
တစ်ခုချင်းလိုက်ရှာနေတယ်။
သူ့တူက အရမ်းကိုဒေါသကြီးနေသည်ကိုး။

"မရှိဘူးကွ။မင်းပြောတဲ့ ကလေးတွေချည်းပဲ
အုပ်လိုက် သောင်းကျန်းတာမျိုး ရွာမှာမရှိဘူး။
အဲ..တစ်ဖွဲ့တော့ရှိတယ်။ကလေးချည်းတော့မဟုတ်ဘူး။
ခေါင်းဆောင်အော့ကြောလန် ၁၈နှစ်သားနဲ့"

ဦးလေးဝမ်စကားကို အကုန်လုံးက ခေါင်းတခါခါ
လုပ်ရင်းငြိမ်သွားတယ်။ရိပေါ်ကတော့ မူးနေတဲ့
ငယ်ထိပ်ကိုလက်နဲ့ဖိလို့ အသက်ကိုမျှင်းရူနေပုံ
ရရင် အတော်စိတ်တိုနေပုံ။

"ဦးလေးဝမ်ရေ....လာအုံးလို့ဗျ"

အော်သံစူးစူးလေးက အိမ်ပေါ်ထိ ထိုးတက်လာတာကြောင့်
အကုန်လုံးက အသံလားရာကိုအလန့်တကြား
လှမ်းကြည့်ကြတယ်။

"ဦးလေးဝမ်။ပြောတော့စီးပွားရေး အဆင်ပြေတယ်ဆို။
အကြွေးရှင်က ဘာလို့ရောက်လာတာလဲ"

"အဲ့ာအကြွေးရှင်မဟုတ်ဘူးဟေ့။အလုပ်သမား..
ငါ့အိမ်က အလုပ်သမားထဲမှာ သူ့တစ်ယောက်တော့
ဖင်တုန်အောင်ကြောက်ရတယ်..သွားလိုက်အုံးမယ်
ဘာအဆူခံရအုံးမလဲမသိဘူး။ငါ့ဘ၀ကလည်း"

ပြောပြောဆိုဆိုနဲ့ အိမ်အောက်ဆင်းပြေးသွားတဲ့
ဦးလေးဝမ်ကြောင့်သူတို့၃ယောက်လုံး
ရယ်လိုက်မိတယ်။ဘယ်လိုအလုပ်သမားမို့
အဲ့လောက်ကြောက်ပြနေရတာပါလိမ့်။

'Love' is in the boxing ring{Completed}Where stories live. Discover now