သက်ပြင်းကိုအခါခါချလို့ဘေးနားက
ညစ်ပတ်အိုးကို မျက်စောင်းနဲ့ကြည့်လိုက်တယ်။ဘေးနားမှာ ပွဲတော်တည်နေတာ
နတ်လား လမ်းဘေးခွေးလားမသဲကွဲတော့သည်အထိ။ကြက်ရိုးကိုဂွက်ခနဲမြည်အောင်ကိုက်။
ချဉ်ဆီတောင်မကျန်တောင်တပြွတ်ပြွတ်စုပ်။
ပြီးရင် ဘေးနားလာချထားတာစိတ်ပျက်စရာ။နှစ်ယောက်တစ်ဝိုင်းလိုဖြစ်နေလို့
တစ်ခြားနတ်တွေ စိတ်အနှောင့်အယှက်မဖြစ်ပေမဲ့
တစ်ဝိုင်းတည်းထိုင်နေရသည့်
သူကတော့ငိုချင်လာသည်။"မင်း!!"
စားပွဲအောက်က ခြေထောက်နဲ့လှမ်းတို့လို့
ခေါ်လိုက်တော့ကြက်ရိုးကြီးတန်းလန်းကိုက်ပြီး
မျက်လုံးလှန်ကြည့်တယ်။"တိုးတိုးစားလို့မရဘူးလား။"
"မရဘူး။မကြားချင်နားပိတ်စား။မကျေနပ်ရင်
မစားနဲ့""ကလေးလိုလိုခွေးလိုလိုစားနေတာ။
၅နှစ်သားတောင် မင်းထက်အစားယဉ်ကျေးတယ်""အဲ့တာဆို၅နှစ်သားနဲ့ပဲသွားစားပါ့လား!!"
ပလုတ်ပလောင်းနဲ့အော်ထုတ်လိုက်တဲ့
ရှောင်းကျန့်ကြောင့် ပါးစပ်ထဲက ဝါးပြီးသားတွေ
ဟိုလွင့်ဒီလွင့်။တစ်ခြားနတ်တွေကလည်း လှမ်းကြည့်လာတာကြောင့်
ရိပေါ်ပြုံးရင်းသာ နှုတ်ဆက်လိုက်ရသည်။"အ!!"
စားပွဲအောက်က ရှောင်းကျန့်ခြေထောက်ကို
ပိတ်ကန်ကာ မသိသလိုနေနေလိုက်တော့
နှာတမှုတ်မှုတ်နဲ့ ညစ်ပတ်အိုး။"အား!"
ပြန်ကန်လာတဲ့ ရှောင်းကျန့်ကြောင့်
စားပွဲခြားမှာခြေထောက်တိုက်ပွဲဖြစ်နေသည်။
သူက ကန်လိုက် ကိုကတက်နင်းလိုက်နဲ့
တော်တော်နာနေပြီဖြစ်သော်လည်းမရပ်တန့်မိ။နောက်ဆုံး သူ့ခြေထောက်တစ်ဖက်ကိုရိပေါ်တက်နင်းထားသလို ရိပေါ်ခြေထောက်တစ်ဖက်ကိုလည်း
သူကတက်နင်းထားကာ
အကြည့်ခြင်းစစ်ဖြစ်နေလိုက်သည်။အားရပါးရဖိချေနေလိုက်ရင်း
ပူထူနေပြီဖြစ်တဲ့ခြေဖမိုးတွေကြောင့်တော့
မျက်နှာတစ်ချက်မပျက်စေရ။
YOU ARE READING
'Love' is in the boxing ring{Completed}
Fanfictionရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့..... ရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့.....