Part 35

11.5K 1.7K 155
                                    

"ဒီည ယွီပင်းတို့နဲ့ Clubသွားမှာ။မင်းလိုက်ခဲ့လေ"

"Clubဆိုတာ ဘာကိုပြောတာလဲ"

ပြူးကြောင်ကြောင့်နဲ့ ရှောင်းကျန့်ကိုယ်လေးကို
ပခုံးကနေ ဆွဲသိမ်းလို့ရင်ခွင်ထဲဖိညှပ်ထားလိုက်ရင်း
ပတ်ဝန်းကျင်အခြေနေကိုအကဲခတ်ကာ နားရွက်
ဖျားလေးနားတိုးကပ်လို့ ပြောပြမိသည်။

"Clubဆိုတာ ပျော်စရာတွေရှိတဲ့နေရာကွာ။
မင်း ရောက်ရင် လုံးဝစိတ်ချမ်းသာသွားလိမ့်မယ်"

"ဟုတ်လား။ငါလိုက်မယ်"

"အိုကေ။အဲတာဆို အ၀တ်စားလဲ"

ခေါင်းလေးတငြိမ့်ငြိမ့်မဲ့ရှောင်းကျန့်က ခဏ
ကြာတော့ ဘောင်းဘီအကွက်ကြီးကို အနွေးထည်
အပွဝါဝါကြီးနှင့်တွဲဝတ်လာသည်။

ခေါင်းလေးတငြိမ့်ငြိမ့်မဲ့ရှောင်းကျန့်က ခဏကြာတော့ ဘောင်းဘီအကွက်ကြီးကို အနွေးထည်အပွဝါဝါကြီးနှင့်တွဲဝတ်လာသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"သွားမယ်"

"ဒီပုံနဲ့လား"

"အင်းလေ။ငါ့မှာ ဒါပဲရှိတာ"

"လာ..လာ။ငါ့အ၀တ်တွေဝတ်"

"မ၀တ်ချင်ပါဘူး။ယားလိမ့်မယ်"

ရေမချိုးတဲ့ ချီးအိုးလေးက ထိုကဲ့သို့လည်း
ပြောတတ်သေးသည်လား။ရိပေါ် အသဲယား
နေတာတွေ ခဏဘေးချိတ်ထားလို့ ရှောင်းကျန့်နဲ့
လိုက်မဲ့ ပေါ့ပေါ့ပါးပါးဝတ်စုံလေးကိုသာ ရွေးချယ်
ပေးလိုက်သည်။အရမ်းကြီး မပေါ်လွင်သွားဖို့
တော့ စိတ်ပုပ်ရိပေါ် တာဝန်ထား။

တကယ်ကိုရှောင်းကျန့်က ဘာဝတ်ဝတ်
ချောလွန်းတဲ့တောသားလေး။

Clubထဲရောက်တော့ ယွီပင်းတို့က
လက်လှမ်းပြသည်။မီးရောင်တွေကြောင့်
ယုန်ဖြူလေးအနေရ ခက်နေမလားတွေးမိပြီး
ဘေးကိုစောင်ငဲ့ကြည့်တော့ ငတိကလှုပ်လီလှုပ်လဲ့
နှင့်မဒီတွေကို သွားဖြဲလေးနဲ့ကြည့်နေတာမို့
စိတ်က ထောင်းခနဲ။

'Love' is in the boxing ring{Completed}Where stories live. Discover now