Part 41

10.8K 1.8K 143
                                    

"သား...ရှောင်းကျန့်!"

အိမ်ပေါက်ဝမှရှောင်းကျန့်ကိုမြင်သည်နှင့်အပြေး
ထွက်လာသည့် မားကြောင့် ရှောင်းကျန့် ဆီးပွေ့
ဖက်တွယ်ထားလိုက်သည်။မားက ရိုက်ငိုရင်း
သူ့ကျောပြင်က တဒုန်းဒုန်းနဲ့ထုနေရာမှ

"ကောင်စုတ်လေး..မပြောမဆိုနဲ့ပျောက်သွားလို့
ဘယ်လောက်စိတ်ပူခဲ့ရတယ်မှတ်လဲ"

ခါတိုင်းပွစိပွစိနဲ့ ရိုက်နှက်နေတဲ့ မားမားက အခု
များကလေးလေးတစ်ယောက်လို အော်ငိုနေသည်။
ရှောင်းကျန့်ကလည်း မားကိုသာ ခွင့်တောင်းနေရင်
မသွားရမယ်မှန်းသိတာမို့ ခိုးထွက်သွားခြင်း။
ဒါတောင်လမ်းမှာ ပါးပါးနဲ့ ထိပ်တိုက်တွေ့ခဲ့လို့
မပြောမဖြစ်ပြောခဲ့ရတော့ ပါးပါးကခွင့်ပြုပေးသည်
နှင့်ဝမ်ရိပေါ်ရှိရာနောက် ကောက်ကောက်ပါအောင်
လိုက်သွားခဲ့တာ အခုတော့ လူပျိုရည်ပျက်လာခဲ့ပြီ။

"ဘာတွေအဲ့လောက်အရေးကြီးနေလို့ ငါ့ကိုတောင်
မပြောမဆိုပဲ ခိုးထွက်သွားတာလဲ"

လေသံနည်းနည်းမာလာပြီဖြစ်တဲ့ မားမားက
ရှောင်းကျန့်လက်မောင်းကို ခပ်ဆတ်ဆတ်ရိုက်
လာသည်။

"ပါးပါးကိုပြောခဲ့တယ်လေ။မားကိုပြောရင် ခွင့်ပြု
မှာမှမဟုတ်တာ"

"မင်းအလေလိုက်မယ်ဆိုတာသိသိလျက်နဲ့ ခွင့်ပြု
ပေးစရာလား နွားလေးရဲ့"

နာသွားတဲ့လက်မောင်းတစ်ဖက်ကို ခပ်ဖွဖွလေး
ပွတ်ဆွဲလို့ မားကို ပွစိပွစိနှင့် ခွန်းတုန့်ပြန်မိသည်။
အိမ်ထဲက ထွက်လာတဲ့ပါးပါးကတော့ သူတို့
နှစ်ယောက်ကိုကြည့်ပြီး ပြုံးစိစိ။

"သတင်းကောင်းရှိတယ် ရှောင်းကျန့်!"

"ဟုတ်လား။ဘာများလဲ"

ဝမ်းစာအားရနဲ့ ပါးပါးရဲ့အပြုံးကြီးက ရှောင်းကျန့်
ဆီကနေ မားမားဆီ ထိုးစိုက်ကျသွားသည်။
ခေါင်းလေးငုံ့သွားသည့် မားမားက ရှက်ပြုံးလေး
ပြုံးလို့။

"မင်းမားမားမှာ ကိုယ်ဝန်ရှိနေပြီ!"

ရုတ်တရက် ဆွံ့အသွားရသည်က ဒီအသက်
အရွယ်ရောက်ခါမှ ရွပိုးထသည့် လင်မယား
ကြောင့်။

'Love' is in the boxing ring{Completed}Where stories live. Discover now