"ဒါမင်းလက်ချက်မဟုတ်လား"
အတင်းနဲ့သူ့ဘက်ကိုကျောပေးလို့ ပြဲသွားတဲ့
ဝတ်ရုံစကဆွဲလို့ တင်ကိုကော့ကာပြနေတဲ့ရှောင်းကျန့်။"ငြိမ်မနေနဲ့။မင်းလုပ်တာမလား။
အတွင်းထဲက ဘောင်းဘီကိုပါဖြဲလိုက်ပါတော့လား
သေးစီးကြောင်းရဲ့။""ဖြဲစေချင်တာလား!"
အနားကပ်လာတဲ့ရိပေါ်က လက်နှစ်ဖက်ကို
အဆင်သင့်ပြင်ထားသည်မို့ ရှောင်းကျန့် အလန့်တကြား
နောက်ဆုတ်ရင်း"နောက်..နောက်ဆုတ်နေစမ်း သေးကောင်!"
"ဖြဲစေချင်တာမလား။ဘယ်ပုံဖြဲပေးစေချင်လဲ။
လေးထောင့်လား။အ၀ိုင်းလား။အသည်းပုံလား?""နောက်ဆုတ်လို့..အ!"
တဖြည်းဖြည်းနဲ့ အနောက်ဆုတ်ရင်း ကျောက်တုံးတစ်ခုနဲ့
ခလုတ်တိုက်ပြီး လဲကျပြီထင်ထားပေမဲ့
ခါးကနေလှမ်းဆွဲပွေ့တဲ့ရိပေါ်ကြောင့်
သူ့လက်တွေကိုရိပေါ်လည်ပင်းမှာ
အလန့်တကြားဖက်ထားလိုက်မိသည်။နီးကပ်နေတဲ့ မျက်နှာနှစ်ခုရဲ့အကွာအဝေးက
မျက်တောင်ခတ်ဖို့ပင်မေ့နေသည်အထိ
ငေးကြည့်နေရင်းက...."ဘယ်ဆိုးလို့လဲ။ထင်ထားတာထက် အိသားပဲ!"
*အိအိ*
တင်ပါးတစ်ဖက်ကိုလာဖျစ်ညှစ်တဲ့ရိပေါ်ကြောင့်
ရှောင်းကျန့်တစ်ယောက်မျက်လုံးတွေပါ
ပြူးကုန်သည်အထိ။သကောင့်သားလက်တစ်ဖက်က ခါးကိုထိန်းထားပေမဲ့
နောက်တစ်ဖက်က တင်ပါးကို ကိုင်ထားသည်ပဲ။"ဖယ်!!"
အမြန်ရုန်းထမိတော့ သူ့နှုတ်ခမ်းနဲ့ရိပေါ်
ပါးပြင်က ရှပ်တိုက်လေးပွတ်ထိသွားသည်။"ငါ့တင်ပါးကိုတရော်ကင်ပွန်းနဲ့ နာနာဆေးပစ်မယ်။"
ဆေးထိုးခံလိုက်ရတဲ့လူနာဆေးချေသလို
ရှောင်းကျန့်ကသူ့တင်ပါးကို ခပ်နာနာဖိချေရင်းပြောလာသည်။
နဂါးသာဆိုမီးအတော်တောက်မဲ့နှာမှုတ်သံလေးနဲ့ တကယ့်ကိုဒေါသကြီးတဲ့ကောင်။"ပေါင်း ပါတင်ထားလိုက်။နောက်တစ်ခါလည်း
ငါကိုင်ဦးမှာ"
YOU ARE READING
'Love' is in the boxing ring{Completed}
Fanfictionရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့..... ရန်သူက ချစ်ဖို့ကောင်းလာရင် ထိုးခဲ့လိုက်ပါ နှုတ်ခမ်းနဲ့.....