Part 12

12.4K 1.9K 107
                                    

"ကျွန်တော်တို့ဆရာရှောင်းက သင်္ချာတော်တယ်ဗျ။
မူလတန်းနောက်ဆုံးနှစ်မှာ သင်္ချာပထမနဲ့
အောင်လာတာ"

"ဂွတိုပြောတာကိုကျွန်တော်လည်းထောက်ခံတယ်။
ဆရာရှောင်းက သင်္ချာဘယ်လောက်တော်လဲဆို
အခုချိန်ထိ ဘယ်လောက်ကြီးတဲ့ကိန်းဂဏန်းပဲ
ဖြစ်ဖြစ် ၁နဲ့ပေါင်းခိုင်းရင် အဖြေကိုကွက်တိရနေတုန်းနော်"

"ဟ..ပေါက်စရ ၁နဲ့မြှောက်ခိုင်းရင်လည်း
ရတယ်ဆိုတာ ထည့်ပြောအုံးလေကွာ။"

"အေး ...မေ့သွားလို့ တစ်တောင်ရေ ..
ကျွန်တော်ပြောမယ်ဦးလေးဝမ်ရာ။
ဦးလေးရဲ့ စာရင်းငှားအလုပ်က ကျွန်တော်တို့
ဆရာရှောင်းနဲ့အသင့်တော်ဆုံးပဲ"

ဘုစုခရုတွေ ၀ိုင်းထားတဲ့ ဖြူစုတ်စုတ်ကောင်လေးက
သူ့ကို သွားဖြဲပြုံးပြတယ်။သဘောက အလုပ်ခန့်ပါဆိုတဲ့ အမူအယာ။အလုပ်ခန့်မခန့်တောင်
မပြောရသေးခင်ကောင်လေးဘေးနားက
ပေါက်စတွေအသံနဲ့ နားတွေအူလွန်းလို့
အခိုးအငွေ့တောင်ဖြစ်နေပြီလားထင်ရသည်။

စောင်းနေတဲ့မျက်မှန်ကို ဘူးစိဆိုသော
ကလေးမှလာတည့်ပေးရင်း

"အဲ့တော့ပြော။ကျွန်တော်တို့ဆရာရှောင်းကို
အလုပ်ခန့်မှာလား"

တကယ်လည်းသူခေါင်းသာကုတ်မိသည်။
ရှောင်းကျန့်သင်္ချာတော်တာသိနေသလို
အမွှေစိန်ဆိုတာပါသိနေလေတော့ မျက်ခုံးက
ခပ်လှုပ်လှုပ်ရယ်။

"ငါအခုခန့်မဲ့စာရင်းငှားနေရာက
ငါ့လယ်ယာထွက်တွေအတွက်မဟုတ်ဘူး။
အတိုးပေးစားထားတဲ့ဟာတွေကို မင်းက
တွက်ပေးရမှာ။အကြွေးလည်းတောင်းပေးရမှာ။
မင်းလုပ်နိုင်လို့လား"

"ရတယ်။ကျွန်တော်လုပ်နိုင်တယ်"

"ကောင်းပြီ။အဲ့တာဆို မနက်ဖြန်ကစပြီး
အလုပ်ဆင်းတော့။ပေါက်ကရတော့
လုပ်မယ်မကြံနဲ့နော်။မင်းလုပ်လို့
ရွာတောင်ပိုင်းကကိုချစ်တီးကြီး
ခုထိ အဖျားတတ်နေတုန်း"

နှမ်းတစ်ခင်းလုံးပြောင်သွားလို့ အဖျားလေးပဲ
တတ်တာကိုကျေးဇူးတင်ရမည်။
နှမ်းခင်းရဲ့လျော်ကြေးကို သူကိုယ်တိုင်
လုပ်အားခနဲ့ပေးဖို့ပြင်ထားပြီးသား။

'Love' is in the boxing ring{Completed}Where stories live. Discover now