Part 22

12.1K 1.9K 172
                                    

"အားရိုးရိုး အဲ့နားလေးဟုတ်တယ်။အဲ့နားလေး!"

"ဒီနားလေးလား!"

"မဟုတ်ဘူး။ဟိုဘက်ရွေ့သွားပြီ!"

"ဘယ်ဘက်လဲ?"

"အရှေ့နောက်ဘက်!"

"၀မ်ရိပေါ်!!!!!!!"

အော်သံစူးစူးလေးနဲ့သူ့ကျောပြင်ကို ဗြန်းခနဲ
ရိုက်လိုက်တဲ့ လက်ဖဝါးလေးတစ်ဖက်။

"အဲ့မှာ ယားသေနေလိုက်။လီးတောင်
မကုပ်ပေးတော့ဘူး"

ထထွက်ဖို့ပြင်နေတဲ့ရှောင်းကျန့်ကိုလက်မောင်းကနေ
ဆွဲထားပြီးအားရပါးရ ရယ်နေသည့်ရိပေါ်အသံကြောင့်
ချင်းလန်တို့ပင်ရှောင်းကျန့်အခန်းလေးဆီ
မျက်လုံးပြူးပြီးလှမ်းကြည့်ကြသည်။
အထဲမှာဘာတွေဖြစ်နေပြီလဲ မမြင်ရပေမဲ့
သတ်နေပြီဆိုတာတော့အသေအချာ။

ညခင်းအချိန်ကြီး ကျောယားပါသည်ဆိုတဲ့
ရိပေါ်က ဘယ်သူ့မှအကုပ်မခံပဲ
ရှောင်းကျန့်အခန်းထဲတန်းနေအောင်ဝင်သွားပြီး
အတင်းနဲ့ ကုပ်ခိုင်းနေသည်။

"မင်းကြောင့် ဖြစ်တာလေ။အဲ့နှမ်းအိတ်တွေကြားထဲ
မင်းကိုကာပေးထားလို့ ငါယားကုန်တာ။
အဲ့တော့ တာဝန်ရှိတယ်မခံစားရဘူးလား"

"ခံစားရလို့လုပ်ပေးနေတာပေါ့။ဒါပေမဲ့
အတိုင်းအတာတော့ရှိတယ်လေ။မင်းက
သပ်သပ် အနိုင်ကျင့်နေတာ။"

"ယား ပါတယ်ဆို တစ်နေရာတည်း ငြိမ်ငြိမ်လေး
ယားမလား။ဟိုပြေးဒီပြေးယားတာလေ။"

"အဲ့တာဆိုအရှေ့နောက်ဘက်ဆိုတာ မင်း
သချိ င်္ုင်းနေရာလား!"

တကယ်စိတ်ဆိုးနေသည့်ရှောင်းကျန့်ကြောင့်ရိပေါ်
ခေါင်းတငြိမ်ငြိမ့်နဲ့ငြိမ်းချမ်းရေးပြန်ယူရသည်။

"ဟုတ်ပြီ။စိတ်မဆိုးနဲ့တော့။ပြန်ကုပ်ပေးမယ်မလား"

"လှည့်!!"

ဆူပုပ်ပုပ်နဲ့ ရှောင်းကျန့်က ရိပေါ်မျက်နှာကြီးကို
အတင်းနဲ့ရိုက်ချလို့ရှေ့လှည့်ခိုင်းပေမဲ့
လုံးဝမလှည့်သွားတဲ့ရိပေါ်ကြောင့်

"ကျောကုပ်ပေးမို့လှည့်လေ!!"

"ကျောကမယားတော့ဘူး!"

'Love' is in the boxing ring{Completed}Where stories live. Discover now