Part 25

11.4K 1.8K 152
                                    

မနက်တည်းက ရှောင်းကျန့်ကို မတွေ့ရသေး
တာကြောင့်လူက ဖင်မကိုင်မိလက်မကိုင်မိ။
ချင်းလန်တို့ပြောစကားအရ သူဖျားနေတုန်း
ရှောင်းကျန့်က ပြုစုပေးခဲ့သည်တဲ့။
တွေးကြည့်တာနဲ့တင် ကြည်နူးလိုက်သည့်အမျိုး။

ရှေ့တွင်မှာသာ အနားလာရင် မကြိုက်တ
ဲ့ကောင်လေးက ဖျားနေတဲ့သူ့ရဲ့ ဘယ်အစိတ်ပိုင်း
တွေကိုများ ထိတွေ့သွားသေးပါလိမ့်နော်။
တွေးရင်းနဲ့ပင်ကြက်သီးတွေကြားက ပြုံးမိသည်။
အသားယူခံချင်နေတဲ့ ကိုယ့်စိတ်ကိုလည်း
နားမလည်တော့။မျက်လုံးချင်းဆုံပြီး မနေ့က
ကိစ္စလေးကို ပါးစပ်အရသာခံလို့သေချာမေးဦးမည်။

"ရှောင်းကျန့်!!"

စာရင်းစာအုပ်လေးပိုက်လို့ လှုပ်တုတ်တုတ်နဲ့
အရိပ်လေးတစ်ခုကြောင့် ထခုန်မတတ်ပျော်
မိသွားရသည်။အနှီကောင်လေးကတော့
သူ့ကိုတွေ့သည်နှင့် ဦးတည်ရာလေးပြောင်းဖို့
ပြင်နေတာကြောင့်

"ရှောင်းကျန့်!ဘယ်လဲ"

"ဂိုထောင်"

"ငါလိုက်ခဲ့မယ်"

ပြန်ဖြေချင်းမရှိဘဲ သူ့ကို ဥပေက္ခာပြုထားပေမဲ့
ရင်ထဲမှာက ယားစိစိ။ရှောင်းကျန့်က သူ့ကို
ဂရုမစိုက်သလိုပုံစံနဲ့လည်း မြူဆွယ်သေးတာ။

"မနေ့က!ငါ့ကို ဂရုစိုက်ပေးခဲ့လို့ကျေးဇူး
တင်တယ်နော်"

"မလိုပါဘူး။လူတစ်ယောက်လုံးခွေးလိုဝက်လို
သေမဲ့အရေးကို လက်ပိုက်မကြည့်နိုင်ရုံ
တမယ်ပါပဲ"

ဖြောင်းဖြူးတဲ့စကားအသွားအလာမဟုတ်ပေမဲ့
ရိပေါ်ကတော့ အရူးလိုထပ်ပြုံးပြမိတယ်။
ဒါက စိုးရိမ်စိတ်တွေကို ဟန်ဆောင်ဖုံးပြီး
တစ်ဖက်လူကို ဖိနှိပ်ပြောရင်း အာရုံစိုက်မှု
ယူတဲ့ ရှောင်းကျန့်ရဲ့ မြူဆွယ်ခြင်းနောက်တစ်နည်း။

"ဘာပဲဖြစ်ဖြစ်ကျေးဇူးတင်တယ်သိလား။
အဲ့တာကျေးဇူးဆပ်တဲ့အနေနဲ့ တစ်ခုခု
ပြန်လုပ်ပေးချင်လို့"

"ကျေးဇူးတင်စရာမလိုဘူးဆိုတာ တောထဲရောက်
သွားတဲ့နေ့က မင်းငါ့ကို ဂရုစိုက်ပေးခဲ့တာပဲလေ။
မင်းပေါ်အကြွေးမတင်ချင်လို့ ပြန်လုပ်ပေးခဲ့တာ။
စိတ်ထဲထားမနေနဲ့"

'Love' is in the boxing ring{Completed}Where stories live. Discover now