Part 32

10.7K 1.9K 97
                                    

"လာ...မနက်စာလာစား"

ပေစုတ်စုတ်နဲ့သူ့ပုံစံကိုရိပေါ်ကအတင်းနဲ့လက်ဆွဲ
လို့ထမင်းဝိုင်းဆီ ဦးဆောင်ခေါ်သွားသည်။
မနက်ခင်းနိုးနိုးချင်းသူ့ရင်ခွင်ထဲတင်းနေအောင်
ဖက်ထားတဲ့ရိပေါ်က ထမင်းထချက်ဖို့
လုပ်နေတဲ့သူ့ကို ပြန်အိပ်ခိုင်းပြီး သူချက်ကျွေး
မည်တဲ့။ရတဲ့အခွင့်ရေးလေးနဲ့ရအောင်ပြန်အိပ်ပြီး
မနက်၇ ၃၀မှနိုးလာပြီး ချက်ချင်းထမင်းစားရသည့်
အဖြစ်။

"မင်းဖို့ငါချက်ထားတာ"

ဖွယ်ဖွယ်ရာရာဟင်းတွေကြောင့်မယုံသလို
ကြည့်မိတော့ရိပေါ်က ပြုံးပြသည်။
ကြက်သားတောင်လူလိုမခုတ်တတ်တဲ့ကောင်က
ထမင်းချက်ကျွေးတယ်ဆိုတော့ခပ်လန့်လန့်ရယ်။

"စားကြည့်!"

မရဲတရဲ အနီးနားက ဟင်းချိုဇွန်းလေးကောက်
ကိုင်ရင်း မြည့်ကြည့်လိုက်တော့သူ့မျက်လုံးတွေ
ပင်ပြူးကျယ်သွားရသည်ထိ။

"မင်းချက်တာဟုတ်လို့လား"

ထူးခြားတဲ့အရသာကြောင့် မယုံကြည်နိုင်စွာ
မေးမိတော့ခုံတစ်ခုံဆွဲယူလို့သူ့ဘေးနားလာထိုင်ပြီး
မေးထောက်ကြည့်လာတဲ့ရိပေါ်။

"ငါချက်တာဆိုရင်မယုံဘူးမလား"

"ယုံချင်စရာမှမရှိတာ"

"မင်းမှမဟုတ်ဘူး။ချီးရန်တို့ဆိုလည်းမယုံဘူး။
ငါဟင်းချက်တတ်မှန်း သိတာပါးပါးပဲရှိတယ်"

"ဘာလို့ ဖုံးကွယ်ထားတာလဲ"

"ချက်ကျွေးရမှာကြောက်လို့"

မျက်စောင်းလေးတစ်ခုလက်ဆောင်ပေးတဲ့
ယုန်လေးကြောင့်အသံထွက်အောင်ရယ်မိသည်။
ထမင်းလုပ်လေးနဲ့ပြည့်နေတဲ့ပါးဖောင်းလေး
တစ်ဖက်က သူ့လက်နက်။

မနေနိုင်စွာ ဖိကပ်နမ်းလိုက်တော့ ယုန်လေးက
မျက်လုံးလေးပြူးပြီးကြည့်လာရင်း...

"ဘာလုပ်တာလဲ"

"ချက်ကျွေးတဲ့အဖိုးအခယူတာ"

"စားရမှာတောင်လန့်လာပြီ"

"ဆက်မစားရင် အလွဲသုံးစားလုပ်မှုနဲ့ ပိုဆိုး
သွားမှာနော်"

'Love' is in the boxing ring{Completed}Unde poveștirile trăiesc. Descoperă acum