Part 17

12K 2.2K 131
                                    

"ဆရာရှောင်းကလည်း။လုပ်ပါဗျာ။ကျွန်တော်တို့
စီးချင်လို့ပါ။ပြောပေးပါ.."

အကျီ င်္စတွေကိုအတင်းနဲ့ဆွဲလွဲပြီး ပူဆာနေတဲ့
ဂွတိုတို့က ရိပေါ်ရဲ့ဆိုင်ကယ်ကြီးကို
စီးဖူးချင်သည်တဲ့။

"ခင်တယ်မဟုတ်ဘူးလား။ပြောပေးနော်။
နော်လို့!"

"မခင်ဘူးလို့ဟ။ပြောလည်းမပြောပေးနိုင်ဘူး"

"ဆရာရှောင်းနော်။ပြောပေးပါဗျာ။ကျွန်တော်တို့
တကယ်စီးချင်လို့ပါ။မဟုတ်ရင် အန်တီရှောင်းလီကို
ဆရာရှောင်းအိမ်ထောင်ပြုချင်နေပါပြီ ဆိုပြီး
သွားပြောပစ်လိုက်မှာ"

အခုထိ လူပျိုလေးဖြစ်နေတာ ဒီကောင်တွေရဲ့
စနက်မကင်းတာမို့သက်ပြင်းသာချမိသည်။
သူတို့ငါအဲ့လိုသွား ကုန်းတိုက်ကြည့်။
ရက်မခြား တွေ့တဲ့ကောင်မလေးနဲ့ပေးစားခံရမှာ။

"ပြောပေးမယ်ကွာ။သူသဘောမတူရင်တော့
ငါမသိဘူးနော်"

ထိုအခါ ပြုံးရွှင်စွာခေါင်းငြိမ့်လာတဲ့ ကောင်စုတ်တွေ။
ခပ်လှမ်းလှမ်းမှာစာအုပ်တစ်အုပ်နဲ့ငြိမ့်နေတဲ့
ရိပေါ်နားကို ဂွတိုတို့အုပ်စုတွန်းပို့မှုနဲ့
တဖြည်းဖြည်းရောက်သွားတော့ သတိထားမိသွားသည့်
ရိပေါ်ကမော့ကြည့်ကာ

"ဘာလဲ?"

ကြည့်။စမေးတာကိုက ဖြတ်ထိုးချင်စရာ။

ထုရိုက်ချင်လွန်းလို့ ယားနေတဲ့လက်ဖဝါးတွေကို
အသာဖိပွတ်ရင်း ဒေါသတွေကိုမျိုချကာ
အားပါပါပြုံးပြလိုက်တော့ မျက်လုံးကြီးပြူးပြီး
ငေးနေတာများ...

"ဟို..ငါ့ညီတွေက မင်းဆိုင်ကယ်ကြီး
စီးချင်လို့တဲ့။အဲ့တာ ရွာလမ်းမလေးအတိုင်း
လိုက်မောင်းပေးလိုက်ပါ့လားဟင်"

ခခယယတောင်းပန်ခြင်းအဆုံးမှာ ရိပေါ်က
နေရာတကျပြန်ပြင်ထိုင်လို့စာအုပ်ကို
ပြန်ဖွင့်ရင်း

"ငါ့ဆိုင်ကယ် ငှားတယ်။မင်းဖာသာ မောင်းပို့လိုက်"

အံကိုကြိတ်လို့ ရိပေါ်နောက်ကနေ နာရင်းအုပ်ဖို့
ဟန်ပြင်လိုက်ပေမဲ့မဖြစ်သေး။
လေထဲဝဲနေတဲ့သူ့လက်တွေကိုအသာပြန်ချလို့
လက်သီးလေးဖြစ်အောင်ဆုပ်ကာ
ထိန်းထားရသည်။

'Love' is in the boxing ring{Completed}Where stories live. Discover now