Part 52

12.2K 1.9K 261
                                    

"ဘာလို့ ယာဂုတွေက မဲနေတာလဲ"

နတ်သူငယ်လေးလာပို့တဲ့ ယာဂုမဲမဲတွေကို
ဇွန်းနဲ့ထိုးချေပြီး မကျေမနပ်မေးလိုက်တော့
ဟိုကောင်လေးခမျာ တုန်တုန်ရီရီ။ဒီထဲ ဆေးတွေ
ထည့်တိုက်နေမှန်း ရှောင်းကျန့်သိပေမဲ့ ဘာဆေးလဲ
ဆိုတာ မေးတော့သေးအိုးကောင်က
မဖြေတာကြောင့် တမင်တကာ ညစ်မေးလိုက်ခြင်း။
သူ့စကားအဆုံးမှာ နတ်သူငယ်လေးက ခေါင်းကို
အတင်းနဲ့ငုံ့ထားရင်း ဖြေလိုက်သည်က...

"ဆန်မဲနဲ့ချက်ထားလို့ပါ"

"ငါကိုမလိမ့်တပတ်လာလုပ်မနေနဲ့။ဆန်မဲက
ဘယ်ကရှိလို့တုန်း"

"ဟို..ရေနတ် နတ်သားစိုက်ထားတယ်ပြောတယ်။
ကျန်တာကျွန်တော်မသိဘူး။ခွင့်ပြုပါအုံး!"

"ဟေ့..ဟေ့ကောင်!အ"

မလေးမစားထွက်ပြေးသွားတဲ့ နတ်သူငယ်လေး
နောက်ပြေးလိုက်ဖို့ပြင်လိုက်ပေမဲ့ ရိပေါ်ကျေးဇူး
ကြောင့်နာနေတဲ့တင်ပါးက သူ့ကို ခွင့်မပြု။
အခု တင်ပါးအောက်မှာ ပိုးခေါင်းအုံးနုနုလေး
နှစ်ခု ခံပြီးထိုင်နေရတာ။အစကတော့ အတူတူ
အိပ်မိတာကြောင့်ဖြစ်တယ်ထင်ပေမဲ့ တင်ပါးကို
ကိုင်ခွင့်လည်းမပြု၊ကြည့်ခွင့်လည်းမပေးတဲ့
ရိပေါ်ကြောင့် သံသယစိတ်ကပိုလာရသည်။
ရိပေါ်လစ်တုန်း မှန်တစ်ချပ်နဲ့ တင်ပါးကိုခိုးကြည့်
မိတော့ ကိုယ့်တင်ပါးကိုယ်တောင်မမှတ်မိရသည်
အထိ လက်ချောင်းရာတွေထပ်ပြီး ညိုလို့ကိုင်းလို့။

"၀မ်ရိပေါ်ခွေးနာ!အခုထိပြန်မလာသေးဘူး"

ရေလေးတစ်ခွက်သွားခပ်တာကို အတော်ကြာနေ
ပြီမို့ စိတ်ကတိုချင်လာပြီ။စိတ်ကောက်ချင်နေတဲ့
အချိန် ချော့မဲ့လူအနားရှိနေမှ နေသာထိုင်သာ
ရှိတာရယ်။အခုတလော အိမ်မြဲနေတဲ့ရိပေါ်က
နတ်နန်းကို တစ်ပတ်လုံးမသွားပါဘူးဆိုတဲ့
ကတိနဲ့ ရှင်းလီကို ရှောင်ပါ့မယ်ဆိုတဲ့သစ္စာ
စကားကို သူစိတ်ချမ်းသာအောင် ပြောထားသည်
မို့ အရင်လို ရန်ခဏခဏမဖြစ်တော့တာတော့
အမှန်။

"အာ!ရေကဆာနေပါပြီဆို"

ယာဂုမဲမဲကြီးကို အားရအောင်မျိုချပြီး ခါးသက်တဲ့
ဆေးအရသာကြောင့်ရေကအရမ်းဆာလာတာမို့
ကိုယ့်ဖာသာ ထသောက်ဖို့သာ ကြိုးစားလိုက်
ရသည်။ဖင်ယားတဲ့ရိပေါ်က ရေနတ်သားသာ
ဖြစ်တာ သောက်ရေကိုတော့နီးနီးနားနားမှာ
မထားတတ်ဘဲ သောက်ရေသန့်စင်သည့်
အဆောက်အအုံဆီသွားသောက်ရအောင်
လုပ်ထားသည်လေ။တစ်ခါတစ်လေတော့
ရှောင်းကျန့်ယောင်္ကျား ကျပ်မပြည့်တာတွေကို
ဖွင့်ထုတ်မပြောချင်တော့။

'Love' is in the boxing ring{Completed}Where stories live. Discover now