Part 34

12.1K 1.9K 133
                                    

"အင်း!!!!"

နိုးပေမဲ့လေးနေတဲ့ မျက်ဝန်းတွေကြောင့် ဆက်အိပ်
ဖို့သာပြင်နေလိုက်သည်။သူ့ရင်ခွင်ထဲက ဖက်လုံး
လေးကလည်း ဒီနေ့မှသိပ်နွေးနေသလို။

လူးလူးလိမ့်လိမ့်နှင့်ဖက်လုံးလေးကိုပိုတိုးဖက်လိုက်
ပေမဲ့ ခပ်လုံးလုံးလေးဖောင်းထွက်နေသည့် တစ်နေ
ရာကြောင့် တစ်ခုခုမှားနေတာတော့သိသည်။
မျက်လုံးခွံတွေကိုမဖွင့်နိုင်သေးဘဲ ထိုနေရာကို
အားရပါးရကိုင်ဆုပ်ရင်း စမ်းသပ်ကြည့်တော့...

"အ!!"

မျက်လုံးအစုံဖျတ်ခနဲဖွင့်လိုက်မိသည်ကအသံလေး
တစ်ခုကြောင့်။သူ့လက်ထဲက အဖက်ခံထားရတဲ့
အရာလေးကို သေချာကြည့်မိတော့ .

ပြားချပ်ချပ်ဗိုက်သားဖွေးဖွေးလေး...ပြီးတော့...

"အားးးးးးးးးးးးး"

အသံနက်နှစ်ခုလုံးဆူညံသွားသည်ကမျက်လုံးချင်း
စုံမိသွားတာကြောင့်။ရိပေါ်လည်း ကုတင်
အောက်ကိုဘယ်လိုခုန်ချလိုက်လဲမသိတော့ဘဲ
လက်ထဲမှာလည်း ခေါင်းအုံးကိုကိုင်လို့
တစ်ဖက်သူကို ကိုင်ရွယ်ထားလိုက်ရင်း...

"မင်း..မင်းဘယ်သူလဲ။ဘယ်လိုဖြစ်ပြီး
ငါ့အခန်းထဲရောက်နေတာလဲ"

ကျောပေးထားတဲ့ ထိုလူကို အကျယ်ကြီး
အော်ထုတ်လိုက်တော့ ထိုလူက အကျီ င်္စလေးကို
အသည်းအသန်ဆွဲချရင်း သူ့ဘက်ကိုမျက်စောင်း
လေးနဲ့လှည့်လာသည်။

"ရှောင်း...ရှောင်းကျန့်!!!"

ကိုယ့်မျက်စိကို မယုံနိုင်စွာ ပွတ်သပ်လိုက်ပေမဲ့
သူ့ယုန်လေးက ပျောက်ကွယ်မသွား။

"တကယ်ပဲ ရှောင်းကျန့်လား"

ခေါင်းလေးငုံ့လို့ ကျောပြန်ပေးသွားတဲ့
ကောင်လေးကြောင့် ကုတင်ကြီးကိုခွကျော်
တက်လို့ ရှောင်းကျန့်နားအူယားဖားယား
ပြေးသွားမိသည်။ရှေ့တည့်တည့်ကနေ
သေချာကြည့်လည်းသူ့ယုန်လေးမှ ယုန်လေး
အစစ်။

"မင်း...ငါ့နောက်လိုက်လာတယ်နော်"

ဝမ်းသာအားရ ယုန်လေးလက်မောင်းကနေ
ဆွဲခါမေးတော့ ရှောင်းကျန့်က စူပုပ်ပုပ်လေး
ဖြစ်နေသေးသည်။ချည်သားဘောင်းဘီပွကြီးလေး
ထဲ သူ့ကောင်လေးကအဘိုးကြီးပေါက်စလေးလို
အသည်းယားစရာ။

'Love' is in the boxing ring{Completed}Where stories live. Discover now