Part 38

11.5K 1.9K 168
                                    

ကျိမ်းစက်နေတဲ့ မျက်လွှာနှစ်လွှာကို အားယူဖွင့်ဖို့
ကြိုးစားလိုက်ရသည်။တစ်နေကုန်နီးပါး ငိုထား
ရတာကြောင့် အမြင်အာရုံတွေက မသဲမကွဲ။
ပြတင်းပေါက်ကနေ မြင်နေရတဲ့လောကကြီးက
မှောင်ရိပ်သန်းနေလေပြီ။သူအိပ်ပျော်သွားတာ
တစ်နေကုန်နီးပါးပဲ။

"အ!!"

အကင်းမသေသေးတဲ့ ခါးအောက်ကဒဏ်ရာကြောင့်
နာကျင်စွာညည်းတွားမိသည်။အခုချိန်ထိ သူ့တစ်
ကိုယ်လုံးကိုင်ရိုက်ထားသလိုပင်။

"ရှောင်းကျန့်လေး..နိုးပြီလား"

အခန်းထဲ စားစရာအစုံနဲ့ ၀င်လာတဲ့ အိမ်တော်
ထိန်းရဲ့နောက်မှာ ဗန်းကြီး ဗန်းငယ်နဲ့
ကောင်မလေးတွေ။မနက်က ရိပေါ်ဝတ်ပေးထား
တဲ့ ဆွယ်တာလေးအတိုင်းပဲမို့ စောင်ဖြူလေးကို
ရင်ဘတ်ထိ ဆွဲတင်လိုက်ရသည်။

သူ့အလန့်တကြားပုံစံကို အိမ်တော်ထိန်းကြီးက
ပြုံးရင်း

"တစ်နေကုန်အိပ်နေလို့ စိတ်ပူနေတာ။အခု
အာဟာရလေးဖြစ်အောင်စားလိုက်နော်"

ဟာနေတဲ့ ဗိုက်ကို ဖြည့်ဖို့တွေးလိုက်ပေမဲ့
အခုထိ အနားမရောက်လာသေးတဲ့ ရိပေါ်ကြောင့်
မျက်လုံးအနည်းငယ် ကစားမိလိုက်သည်။

" ရိပေါ်လည်း အခုထိပြန်မလာသေးဘူးကွယ်။
Phoneဆက်တော့လည်း မကိုင်ဘူး။
မနက်တည်းက ထွက်သွားတာအခုထိ အဆက်
အသွယ်မရလို့ စိတ်ပူနေကြတာ"

အိမ်တော်ထိန်းဆီက အပိုအလို စကားတွေထွက်ကျလာပြီးကုတင်ပေါ်က
အူကြောင်ကြောင် ရှောင်းကျန့်ပုံရိပ်လေးကို
ခိုးကြည့်ရှာတယ်။စောင်လေးကို တင်းနေအောင်
ဆုပ်ထားရုံကလွဲပြီး ထူးခြားတဲ့ တုန့်ပြန်မှုမရှိ။

သခင်လေးရိပေါ်ရဲ့စိတ်ကိုသူတို့အသိဆုံးမို့
ဒီကလေးကို ချစ်တယ်ပြောတာကျိန်စာလွတ်
ယုံသည်။ဒီတော့ အနည်းငယ်လေးအရောက်ပို့ဖို့
တွေးထားပြီးသား။ဒါမှလည်း နောင်သံသရာမှာ
အခုဘ၀လိုလူပျိုကြီး မဖြစ်မှာလေ။

"ကျွန်တော် အ၀တ်စားလဲချင်လို့ ထွက်ပေးလို့
ရမလား"

"အေး..ရပါတယ်ကွယ်"

'Love' is in the boxing ring{Completed}Where stories live. Discover now