Part 48

12.1K 1.9K 193
                                    

"ဒါဘာလဲ!"

"ဘာကိုလဲ"

"ဒီသ၀ဏ်လွှာက ဘာလဲလို့။"

ရှောင်းကျန့်လက်ထဲက ရွှေရောင်ခါးစီးလေးနဲ့
ပေလွှာလေးတစ်ခုကို သေချာကြည့်ပြီး မျက်နှာ
ပြန်လွှဲသွားတဲ့ ရိပေါ်က...

"မင်းမသိဘူးလား။ရွှေရောင်ခါးစီးနဲ့ဆို နတ်ဘုရား
ကြီး ပို့လိုက်တယ်ဆိုတာ"

"ငါ့ကို တစ်ပတ်လှိမ့် ရိုက်မနေနဲ့ရိပေါ်။ခရမ်းရောင်
ပေလွှာကို ရွှေရောင်ခါးစီးကြိုးနဲ့ရစ်ပတ်ထားတယ်
ဆိုကတည်းက မင်းတောင်းဆိုထားတဲ့ အရာကို
ခွင့်ပြုကြောင်း အမိန့်စာကျတာလေ"

ရှောင်းကျန့်အော်သံတဖြည်းဖြည်းနဲ့ကျယ်လောင်
်လာပြီး ကျောပေးထိုင်နေသည့်ရိပေါ်မှာ
သူ့ဘက်ကိုဖြည်းဖြည်းချင်းလှည့်လာသည်။

"အဲ့တော့ ဘာဖြစ်လဲ။ဘာမကျေနပ်စရာပါလို့လဲ"

"မင်းနဲ့ရှင်းလီ တိုင်းပြည်လှည့်လည်မဲ့ကိစ္စက
ကျေနပ်စရာပါနေလို့လား"

"ရှောင်းကျန့်။တိုင်းပြည်လှည့်လည်ရုံပဲလေ။
ဘာလို့ ဒေါသတွေအရမ်းကြီးနေတာလဲ"

"တိုင်းပြည်လှည့်လည်တယ်ဆိုတာ နတ်ဘုရားနဲ့
နတ်မိဖုရားအလုပ်။သူငယ်ချင်းနှစ်ယောက်
လုပ်ရမဲ့ အလုပ်မဟုတ်ဘူး"

"အဲ့တော့ မင်းက ငါနဲ့အတူတူ လိုက်မယ်ပေါ့။
မင်းကျန်းမာရေးက မကောင်းသေးတာကို...."

"ကောင်းသွားပြီ။"

"ဘာရယ်..."

"ငါ့ကျန်းမာရေးကောင်းသွားပြီ။အဲ့တာကြောင့်
ငါနဲ့ပဲ သွားရမယ်"

"ရှောင်း...."

"မင်းငါ့ကိုထားခဲ့ရင် ငါ မြေနတ်နန်းတော်ကို
ပြန်မှာ။ဒီလက်စွပ်ချွတ်လို့မရရင် ငါ့လက်ကို
ဖြတ်ပစ်တဲ့ထိ လုပ်ပစ်မှာ"

ကလေးဆိုးလေးလို နှာတမှုတ်မှုတ်နဲ့ရှောင်းကျန့်
ကြောင့် သူခဏတာ ဆွံ့အစွာကြည့်နေမိသည်။
ရှောင်းကျန့်ကတော့ သူ့ပုံစံသူ သတိထားမိ
ပုံမပေါ်။

"ရှင်းလီအပေါ် မင်းစိတ်မကုန်သေးဘူးလား"

ရိပေါ်စကားသံအဆုံး တိတ်ကျသွားတဲ့
ရှောင်းကျန့်က သူ့ကိုရီဝေစွာကြည့်လာရင်း....

'Love' is in the boxing ring{Completed}Where stories live. Discover now