Part 6

12.4K 1.9K 137
                                    

"နတ်ဘုရားကြီးဆင့်ခေါ်ထားတယ်။ရှင်းလီမွေးနေ့တဲ့။
အဲ့တာပြင်စရာရှိတာ ပြင်ထားမိန်းမ။
ဟိုကောင်...ရေချိုး!!"

ထောင့်ကပ်ပြီး သွားကြားထိုးနေတဲ့ ရှောင်းကျန့်ကို
အော်လွှတ်တော့ဇိမ်ယူလို့မှေးကျနေတဲ့မျက်လုံးက
ဖြတ်ခနဲလန့်ပြီးပွင့်လာကာ

"မချိုးချင်ဘူး။ချမ်းတယ်"

"ဟေ့ကောင်!!"

"ရေပဲချိုးခိုင်းနေတယ်။ထမင်းတွေကြ
နင်းကန်ကျွေးထားပြီးတော့။ထမင်းစားစားပြီးချင်း
ရေမချိုးရဘူးဆိုတာ မသိဘူးလားခမည်းတော်"

"ဟေ့ကောင်။ငါမင်းအဖေ!"

"သိပါတယ်။အမေလို့လည်းမပြောမိပါဘူး"

"တယ်!!ငါလုပ်လိုက်ရ"

ဘေးနားက ထမင်းပန်းကန်ကိုကောက်ဆွဲလို့
လှမ်းပေါက်ဖို့ပြင်နေတဲ့ဖုန်းမြင့်ကြောင့်
ရှောင်းကျန့်ကလက်နှစ်ဖက်နဲ့ကာပြီးကွယ်တယ်။

ပြီးတော့ ပါးစပ်ထဲကသွားကြားထိုးတံကို
ထွေးထုတ်ပြီး

"ချိုးမယ်။ချိုးမယ်!!"

ဆောင့်ကြီးအောင့်ကြီးနဲ့ ရှောင်းကျန့်က
ရေချိုးခန်းထဲ ပြေးဝင်သွားတယ်။

ခဏကြာတော့ အော်သံကျယ်ကျယ်နဲ့အတူ
ချက်ချင်းပြေးထွက်လာတဲ့ရှောင်းကျန့်။

"ဘာဖြစ်တာလဲ!!"

"ရေကအေးတယ်။တစ်စက်ပဲထိရသေးတယ်။
သားခိုက်ခိုက်တုန်နေပြီ"

မူယာမာယာပိုနေတဲ့ ရှောင်းကျန့်ကြောင့် ဖုန်းမြင့်
မဲ့ပြုံးပြုံးကာ ဘေးနားကစစ်သည်တော်တွေနဲ့
အတင်းချူပ်ယူကာ ရေချိုးခန်းထဲတွန်းထည့်ပစ်လိုက်တယ်။

အဲ့နေ့က မြေနတ်ဘုရားရဲ့နန်းဆောင်ထဲ
ရှောင်းကျန့်ရဲ့အော်ဟစ်သံတွေကညံစီလို့။

•••••••••••••

"ဘာဖြစ်နေတာလဲရုပ်က။ပြုံးထားစမ်း"

စူပုပ်နေတဲ့ရှောင်းကျန့်ကို ဖုန်းမြင့်က
လက်တို့ပြီးပြုံးခိုင်းတယ်။ငပေတူးကတော့
နှုတ်ခမ်းကိုစူလို့ စိတ်ကောက်မပြေသေးပုံ။

'Love' is in the boxing ring{Completed}Where stories live. Discover now