Part 46

12.4K 1.9K 239
                                    

ကုတင်ပေါ်မှာ ဖြူဖျော့ဖျော့နဲ့ ရှောင်းကျန့်က
မျက်နှာကြက်တစ်နေရာတည်းကို စိုက်ကြည့်
နေခဲ့တယ်။အဆိပ်အစွမ်းနဲ့ လူလေးက ခပ်နုံးနုံး။
မျက်ခမ်းစပ်ကနေ မျက်ရည်တွေက အဆက်
မပြတ်ကျနေခဲ့ပြီး ဘေးနားက ရိပေါ်ကို
မျက်စောင်းကြီး လှမ်းလှမ်းထိုးတတ်သေးတာ။

"ခွေးကောင်...."

အသံအက်အက်လေးသာ ထွက်နိုင်ပေမဲ့ ရအောင်
တော့ ကျိန်ဆဲရှာသည်။ရိပေါ်လည်း မကြားချင်
ယောင်ဆောင်လို့ သူသောက်ဖို့ ဆေးတစ်ချို့ကို
မွှေနှောက်ပေးနေရင်းက...

"ဟ!ဆေးသောက်ရမယ်"

မျက်နှာလေးတစ်ဖက်ကိုလှည့်သွားပြီး နှာသီး
ထိပ်လေးက ခပ်ရဲရဲ။ငိုထားလို့မို့အစ်နေတဲ့
မျက်ဝန်းလေးတွေနဲ့ ရှောင်းကျန့်ကယုန်ကလေး
နှာစေးနေသည်နှင့်ပင် တူနေသေးသည်။

"ရှောင်းကျန့်...."

"ဖြေဆေးဖော်ပေးဆိုတော့ မဖော်ပေးဘူး။
ငါ့ကို အနုနည်းနဲ့ သတ်နေတာလား"

"ဖြေဆေးက ရှားတယ်လို့ပြောပြီးပြီလေ"

"ရှားပဲရှားတာလေ။မရှိတာမှမဟုတ်တာ။မင်းမှာ
ရှိနေတာ ငါမသိဘူးထင်လို့လား"

စကားရှည်ကြီးနဲ့ ရန်တွေ့ပြီးသည့် ရှောင်းကျန့်
က မောလို့ မျက်လွှာလေးအသာချသွားပြန်
သည်။အစတည်းကကျန်းမာရေး မကောင်းသူမို့
ဖြေဆေးက ပေးလို့မဖြစ်။ကိုယ်ခံအား နည်းနေ
သည့် ရှောင်းကျန့်ကို ဖြေဆေးအကြောင်း
သွားပြောပြရင် မြေလှန်ရှာမှာသိနေသည်မို့
အရင်အာဟာရရှိအောင် လုပ်နေရသည်ကို
ငပေတူးလေးက မသိ။ဖြေဆေးက အရမ်း
အပြင်းစားဖြစ်သည့်အတွက်သာမာန် ကျန်းမာ
နေသည့်သူတောင် အခန့်မသင့်လျင်အိပ်ယာထဲ
လဲနိုင်သည်။

"အခု ငါ့ပြောစကားနားထောင်ပြီး အစာစား။"

"မစားဘူး။သေ သေ"

"ဖြေဆေး လိုချင်တယ်ဆို"

ဝိုင်းစက်လာသည့် မျက်ဝန်းလေးမှာ မျှော်လင့်
ချက်တွေအပြည့်။ချစ်စရာကောင်းလွန်းလို့
ဖက်နမ်းပစ်ချင်သည့် စိတ်ကို ချောင်းတစ်ချက်
ဟန့်ကာ ရိပေါ် တားယူလိုက်ရင်းက...

'Love' is in the boxing ring{Completed}Where stories live. Discover now