Part 55

12K 1.9K 137
                                    

တဖွဲဖွဲကျဆင်းလာတဲ့ပွင့်ဖတ်လေးတွေကို
ခံယူလာတဲ့ လက်ဖဝါးနုနုလေး။နှုတ်ခမ်း
ပါးလေးဆီမှာ ကျေနပ်အပြုံးလေးတစ်ခုကို
ချိတ်ဆွဲထားသေးတဲ့သူမက အမြင်မှာအေးချမ်း
လွန်းနေခဲ့သည်။

ခြေသံဖွဖွနဲ့သူမအနား ဘေးချင်းယှဉ်ရပ်လာတဲ့
တစ်စုံတစ်ယောက်။ထိုသူက သူမကို
တစ်ချက်စောင်းငဲ့ကြည့်ပြီး ပွင့်ဖတ်တစ်ချို့ကို
ခပ်ပြုံးပြုံးငေးနေရင်းက...

"ဒီလိုပန်းကျချိန်မှာ နတ်ဘုရားကြီးရဲ့သမီးလေး
က ဘာလို့အရမ်းလှနေပါလိမ့်!"

သြဇာပြည့်နေတဲ့အသံကြောင့်သူမက ပြုံးရှာသည်။
လက်ထဲက ပွင့်ဖတ်လေးကိုနုနုရွရွကိုင်တွယ်
ရင်းမှ...

"အပြစ်တွေကင်းတဲ့ ကလေးလေးတွေဆီမှာ
အရုပ်ဆိုးတဲ့အချိန်ရှိလို့လား"

နှစ်ဦးသားသဘောတကျရယ်လိုက်မိရင်း
ပန်းကျချိန်ကိုသာဆက်ငေးမောနေလိုက်သည်။

"အရင်ကဒီအချိန်ဆို ရိပေါ်တို့နဲ့ ကစားနေကြ"

လွမ်းဆွေးတာမျိုးမဟုတ်တဲ့ စကားသံလေးက
တမ်းတနေသည်တော့သေချာသည်။သူမစကားသံ
ကြောင့် ဘေးမှတစ်စုံတစ်ယောက်က သက်ပြင်း
ချရင်း

"ရှောင်းကျန့်နေမကောင်းလို့ ရိပေါ် ပျာယာခတ်
နေရှာတာ။နတ်နန်းတောင် အခစားမလာနိုင်ဘူး"

မကျေမနပ်နဲ့ နတ်ဘုရားကြီးက သူ့ဆီသတင်း
မပို့ဘဲ ပျက်ကွက်နေသည့် ညာလက်ရုံးကို
ဒေါသထွက်နေသယောင်။

"သူက ရှောင်းကျန့်ကိုသိပ်ချစ်ရှာတာ။အခုလို
အချိန်မှာ ခမည်းတော်ကို သတင်းပို့ဖို့ သူ့အတွေးထဲ အရေးတယူထည့်ထားမှာမဟုတ်ဘူး"

ချက်ကောင်းကို ထိအောင်ပြောသွားသည့်
ရှင်းလီက ခပ်ထေ့ထေ့လေးရယ်လို့
ကျောခိုင်းသွားသည်။

ဒီတစ်ခေါက် သမီးတော်လေးရဲ့နောက်ကျောကို
ငေးရတာ သိပ်အေးချမ်းတာပဲ။

နှလုံးသားနူးညံ့တဲ့လူတွေက အဆုံးထိမိုက်မဲဖို့
သတ္တိမပါကြတာမို့.....

🔮🔮🔮🔮🔮🔮

ကုတင်ပေါ်က ရှောင်းကျန့်ရဲ့ မျက်နှာနုနုလေးက
သာမာန်ထက်ပိုပြီးဖြူလျော့နေသည်။
နေ့နေ့ညည အဖျားတက်နေတတ်ပြီး
ရိပေါ်မှာလည်း မျက်လုံးဟောက်ပက်ဖြစ်နေပြီ။

'Love' is in the boxing ring{Completed}Where stories live. Discover now