Part 50

13K 1.9K 190
                                    

"မြေနတ်သား..တစ်ခုခုများဖြစ်နေသေးလား!"

မြင်းရေးကွင်းမှာ ကားတားကားတားနဲ့ ရှောင်းကျန့်
ကိုကြည့်ရင်း ကျန်းချန်က ဂရုတစိုက်မေးလာ
ရှာတယ်။မနေ့က ရိပေါ် ချေးတွန်းကောင်းတာ
အခုထိ သူ့ပေါင်တွေ စေ့လို့မရသေးဘူး။

"ပေါင်ပွန်းနေလို့ပါ..အဆင်ပြေပါတယ်"

"ဟုတ်လား။အဲ့တာဆို ထိုင်နားနေလေ။ကျွန်တော်
ပဲ ဦးစီးလိုက်မယ်"

ထိုင်ဖို့တောင်အဆင်မပြေပေမဲ့ ဒီအချိန် လမ်းဆက်
လျှောက်ဖို့ဆိုတာ မဟန်တော့တာမို့ခေါင်းငြိမ့်ကာ
လက်ခံလိုက်ရသည်။

"ခွေးကောင် ၀မ်ရိပေါ်။အ..အား!ကျွတ် ကျွတ်"

ဖြည်းဖြည်းချင်းထိုင်လိုက်ခါမှ နေသားအနည်းငယ်
ကျသွားရသည်။မနက်အစောမို့ချမ်းနေတဲ့ ရာသီ
ဥတုနဲ့ သူ့တစ်ကိုယ်လုံးလည်း ခိုက်ခိုက်တုန်နေပြီ။
ညက သောင်းကျန်းချင်သလိုသောင်းကျန်းပြီး
ကုလားသေ ကုလားမော အိပ်နေခဲ့တဲ့ရိပေါ်ကို
အခုချိန် မေတ္တာလှမ်းပို့မိသည်။

"မြေနတ်သား။နားရင်နားလိုက်ပါတော့။နှုတ်ခမ်း
တွေတောင်ဖြူနေပြီ"

"အဲ့လောက်တောင်လား?"

ကိုယ့်အခြေနေကိုသတိလည်းမထားမိတော့ဘဲ
ကြောင်နနနှင့်ပြောလိုက်တော့ ကျန်းချန်က
သူ့နဖူးပေါ် လက်ဖဝါးနှင့်ဖိကပ်ရင်း

"ဖျားနေတာပဲ။ကိုယ်တွေပူနေတယ်လေ"

ကိုယ့်နဖူးကို စမ်းကြည့်တော့ အနည်းငယ်
နွေးနေသည်မို့ ကျန်းချန်ကိုပြုံးသာပြမိသည်။
မနေ့က ရေစည်ထဲမှာတင် အတော်ကြာသွား
တာကိုး။

"ထ!ကျွန်တော်လိုက်ပို့မယ်"

လက်မောင်းကနေ အတင်းနဲ့ဆွဲထူနေတဲ့
ကျန်းချန်က လက်မြန်ခြေမြန်။ဝေါယာဉ်တစ်ခုပေါ်
ရှောင်းကျန့်ကိုဆွဲတင်ရင်း သူကိုယ်တိုင်
လိုက်ပို့ရှာသည်။အဖျားရှိန်နဲ့ ဝေါယာဉ်ထဲမှာ အိပ်ပျော်သွားပြီးရေနတ်နန်းတော်ရှေ့
ရောက်တော့ လိုက်ကာစကိုအနည်းငယ်ဖွင့်ပြီး လာနိုးရှာတဲ့ကျန်းချန်။

"မြေနတ်သား။နန်းတော်ရောက်ပြီ"

နန်းတော်ထဲက နတ်အချို့ ပြေးထွက်လာတာ
မြင်ရပြီး ရှောင်းကျန့်လည်း အိပ်ချင်မူးတူးနှင့်သာ
ဝေါယာဉ်ပေါ်မှ ဆင်းလိုက်သည်။

'Love' is in the boxing ring{Completed}Where stories live. Discover now