Part 36

13.5K 1.8K 150
                                    

"သား...နေမကောင်းဘူးလား"

ထမင်းစားပွဲမှာ နှားထင်အစုံကို လက်ချောင်းတွေနဲ့
နှိပ်နယ်နေတဲ့ ရိပေါ်ကိုကြည့်ပြီး ၀မ်သူဋ္ဌေးကြီး
မေးလာသည်။ရှောင်းကျန့်ကတော့ ပါးစပ်ထဲ
ဇွန်းလေးငုံရင်း ပြူးကြည့်ကြည့်နေတာမို့..

"ကောင်းပါတယ်။ဒီတိုင်း နည်းနည်းခေါင်းနောက်
နေလို့။ညက အိပ်ရေးမ၀တာကြောင့်နဲ့တူတယ်"

သူ့ကြောင့်မှန်းမသိတဲ့ယုန်လေးကတော့
အပြစ်ကင်းစင်သူလေးလို ထမင်းအစားမပျက်။

"ရှောင်းကျန့်။ဒီနေ့ ငါ့Companyလိုက်ခဲ့
ပေးပါ့လား!"

ခေါင်းလေး တငြိမ့်ငြိမ့်နဲ့ယုန်လေးကြောင့်
နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်။ကုန်သွားတဲ့
အားအင်တွေအကုန် ယုန်လေးဆီက
ပြန်ယူရမည်လေ။

🔮🔮🔮🔮🔮🔮🔮

"ဒါငါ့ရုံးခန်းလေ"

ပတ်ပတ်လည်ပါးစပ်အဟောင်းသားလေးနဲ့
လှည့်ပတ်ကြည့်နေတဲ့ ယုန်လေးက သူ့ကို
ရှိလို့ရှိမှန်း သိပုံမပေါ်တော့။

"သဘောကျလား!!"

"အင်း!"

"သဘောကျရင် မင်းကိုပေးမယ်"

မျက်လုံးကြည်တွေနဲ့ ကောင်လေးက သူ့ကိုယ်သူ
လက်ညိုးလေး ထိုးရင်း မယုံနိုင်စွာမေးလာသည်။
ခေါင်းငြိမ့်ပြလိုက်တော့ ထူးခြားစွာ ခေါင်းရမ်းပြ
ရင်း...

"ငါ့အတွက်အသုံးမှမ၀င်တာ"

"အသုံးဝင်အောင် လုပ်လို့ရတယ်လေ"

"ဘယ်လိုလဲ"

မေးခွန်းတွေနဲ့ပြည့်နေနဲ့ ရှောင်းကျန့်မျက်လုံးလေး
တွေနား သူ့မျက်လုံးတွေ နီးကပ်သည်ထိနီးကပ်စွာ
တိုးကပ်သွားလိုက်သည်။

"ငါ့ကိုယူရင် ဒီရုံးခန်းက မင်းအပိုင်ပဲ!"

ပေကလပ် ပေကလပ်မျက်လုံးလေးက
ချက်ချင်းတည်သွားရတယ်။သဘောတကျ ဟား
ချိန်ပင်မရလိုက်ဘဲ သူ့ပေါင်ကြားတိုးဝင်
လာတဲ့ ခြေထောက်လေးတစ်ချောင်း။

"အကြံသမား!"

ပယ်ပယ်နယ်နယ် ပြောပြီး အကြင်နာတရား
မဲ့လွန်းတဲ့ကောင်လေးက ဆိုဖာပေါ် တက်အိပ်
နေပြန်တယ်။ရိပေါ်မှာသာ ကိုယ့်စားပွဲဆီ
ဒူးကိုကွေးလို့ မနည်းရောက်အောင်သွားခဲ့ရတာ။

'Love' is in the boxing ring{Completed}Where stories live. Discover now