Part 18

11.6K 2K 182
                                    

ဆိုင်ကယ်ရပ်သွားခါမှ ဖြေးဖြေးချင်းမျက်လုံးဖွင့်ကြည့်မိပြီး
အသက်ကိုဝအောင်ရူရသည်။သူ့တစ်ကိုယ်လုံးကို
အုပ်မိုးထားတဲ့ရိပေါ်ကိုယ်ကြီးကလည်း မဆင်းသေး။

"ဖယ်!!"

သူ့ပတ်ပတ်လည်မှာရစ်သိုင်းနေတဲ့လက်ကိုရိုက်ထုတ်တော့
ရိပေါ်ကရယ်ကျဲကျဲနဲ့လက်တစ်ဖက်ကိုဖယ်ပေးတယ်။

"အင့်!!"

မခိုင်တော့တဲ့ ဒူးအစုံက ခွေကျသွားတော့
ဆွဲသိမ်းခံလိုက်ရပြန်တဲ့သူ့ခါးလေးက
ရိပေါ်လက်တွေပေါ်မှာ။

"ငါ့Helmetပြန်ပေးခဲ့"

"ဘယ်သူကရော ဒါကြီးယူချင်နေလို့လဲ။ရော့"

သူ့ရင်ဘတ်ကိုအတင်းနဲ့တွန်းထုတ်လို့Helmetကို
ချွတ်ပြီး လက်ထဲဆောင့်ထည့်ပေးသည်။
ပေါက်စလေးကောင်ကလည်းသူတို့ဆရာ
တကယ်စိတ်ဆိုးသွားတာသိတော့ တုပ်တုပ်မျှ
မလှုပ်ရဲကြ။

ဘောက်ဆတ်ဆတ်နဲ့ထွက်သွားတဲ့ကျောပြင်လေးကို
ကြည့်ရင်း သူပြုံးမိသည်။လက်ထဲက Helmet
ကိုဆောင်းဖို့ပြင်လိုက်ပေမဲ့ ရုတ်တရက် ရလိုက်တဲ့
အနံ့တစ်ခုကြောင့်နှာခေါင်းရူံ့ရင်း

"အစုတ်ပလုတ်လေး။ခေါင်းမလျှော်ဘူးလားမသိဘူး"

ချဉ်စုပ်စုပ်အနံ့တွေထဲ ဒီအနံ့လေးကတော့
သူ့အတွက်ထူးခြားလို့။

🔮🔮🔮🔮🔮

"သတ်မယ်။မသေ သေအောင်သတ်ပြီး
နတ်ပြည်ကိုအရင်ပို့လိုက်မယ်။"

ဘေးနားက မြက်ပင်ကို အားရပါးရဆောင့်ဖြတ်လို့
ခြေထောက်နဲ့တက်ဖိပြီး သက်ပြင်းချမိသည်။
ဆင်းထိုင်ထားတဲ့သူ့ခြေသလုံးတွေအခုထိ
တုန်ယင်နေတုန်း။

"ငါ့နှလုံးသားလေး ပြုတ်ကျခဲ့ပြီထင်တာ"

ခုန်မြန်နေသေးတဲ့ရင်ဘတ်ကိုခပ်ဖွဖွလေးဖိလို့
ရေရွတ်ရင်း ကျိန်ဆဲနေမိတဲ့တစ်ခဏ
လက်ပြင်ပေါ်ကျလာတဲ့အားပါပါရိုက်ချက်တစ်ခုကြောင့်
ယိုင်နဲ့သွားတဲ့ကိုယ်ကို လက်နဲ့ထောက်ရင်း
ထိန်းထားလိုက်ရသည်။တရားခံက၀မ်ရိပေါ်။

"ဘာလိုက်လုပ်တာလဲ"

သူ့ဘေးနားကပ်လို့ခြေဆင်းထိုင်လာသည့် ရိပေါ်ကို
ဘောက်ဆတ်ဆတ်နဲ့ တောလိုက်တော့
ဖြတ်ထိုးချက်စရာကောင်းအောင်ထွက်လာသည့်စကား။

'Love' is in the boxing ring{Completed}Where stories live. Discover now