Part 26

11.3K 1.9K 148
                                    

စကားများတဲ့လူတွေ၊အထူးသဖြင့် တစ်ဖက်လူ
နားထောင်ချင်လား နားမထောင်ချင်လားမသိဘဲ
အတင်းကာရော ပြောတဲ့လူတွေလောက်
ကြောက်စရာကောင်းတာလောကမှာမရှိမှန်း
ရှောင်းကျန့်ကောင်းကောင်းနားလည်လိုက်သည်။

ဂွတိုတို့အုပ်စုအချွန်နဲ့အမကောင်းလို့ သူတို့ရဲ့
ဆရာမ ပေါက်ပေါက်ဖောက်စက်ကြီးနား
အင်တင်တင်နှင့်နေနေရသည်။
ကျောင်းတွေ ဖွင့်ဖို့နီးလာပြီမို့ ဆရာမလေးက
ရွာကို ရောက်နှင့်နေပြီ။မြို့မှာသူကြုံခဲ့ရတဲ့
မရယ်စရာ ကိစ္စတွေကို ပြောပြနေလိုက်တာ
ရှောင်းကျန့် ငိုချင်စိတ်ပင်ပေါက်လာရသည်။
ဂွတိုတို့ မျက်နှာနဲ့ ရွာရဲ့ တစ်ဦးတည်းသော
ဆရာမလေးမလို့သာ သည်းခံနေတာ။
မဟုတ်လျှင်ပညာပြပေးတာကြာပြီ။

အခုချိန်မှာ လာကယ်မဲ့တစ်ယောက်ယောက်
ကိုသာစောင့်နေနိုင်တော့သည်။
နတ်ဘုရားကြီးမလို့ တစ်ယောက်လောက်
လာခေါ်ပေးကြပါ။

"ရှောင်းကျန့်!!!!!"

အမြဲတစေ ဒီအသံကြားရင်စိတ်ညစ်မိပေမဲ့
ဒီတစ်ခါတော့ ထခုန်မတတ်ပျော်မိသွားသည်။
နောက်လှည့်ကြည့်မိတော့ တကယ်ကို
ရိပေါ်ဖြစ်နေသည်။အနားရောက်လာတဲ့ရိပေါ်က
သူ့လက်တစ်ဖက်ကိုဆောင့်ဆွဲလို့
အတင်းနဲ့ထစေပြီး

"စာရင်းရှင်းမယ်!!"

အရင်ကဆို ဆောင့်ကြီးအောင့်ကြီးလာလုပ်ရင်
အော်လွှတ်တတ်ပေမဲ့ ဒီတစ်ခါတော့
ခုန်ပေါက်ပြီးမလိုက်ရုံတမယ်။ဆရာမလေးကို
အားနာသလိုပြုံးပြပြီး ရိပေါ်ဆွဲရာကန့်လန့်ပါလာ
ရသည်။အတော်ကြာသူ့လက်မောင်းကနေ
ဆောင့်ဆွဲနေတဲ့ ရိပေါ်က ဘယ်ကိုဦးတည်
်နေလဲမသိ။တစ်ဖြည်းဖြည်းနဲ့ ခပ်ဝေးဝေး
ရောက်လာသည်နှင့် သူလည်းရုန်းမိသည်။

"ဘယ်ကိုသွားမို့ကြံနေတာလဲ။ဒီမှာပြောတော့!"

ဆော့ရုန်းလိုက်သည့်တစ်ခဏ ရိပေါ်
လက်ချောင်းတွေထဲက ကျွတ်ထွက်သွားသည့်
သူ့လက်မောင်းလေး။နာကျင်နေသည့်
လက်မောင်းလေးကို ပွတ်သပ်ရင်း ရိပေါ်ကို
မကြည်သလိုကြည့်လိုက်မိသည်။

"မင်းပြောတော့ ဂွတိုတို့နဲ့ဆော့မို့ဆို!အခု
ဘယ်ကကောင်မနဲ့တွေ့နေတာလဲ။ဟန်?"

'Love' is in the boxing ring{Completed}Where stories live. Discover now