Part 31

11.1K 1.6K 237
                                    

"ရွာထဲကားတွေတအားပဲဝင်လာတယ်နော်။
ဘာဖြစ်တာလဲ"

"ရွာထဲကကောင်မလေးတွေပေါ့။အစ်ကိုကြီးကို
မြင်ပြီးတည်းက အလှကုန်ပစ္စည်းတွေတအား
ဝယ်သုံးကြတာ။ကားတွေတောင်အစီးလိုက်လာတဲ့
အထိဆိုတော့ ဆရာရှောင်းတွေးသာကြည့်တော့"

တစ်တောင်အပြောကြောင့် သူကားတွေရှိရာ
ငေးကြည့်မိသည်။တကယ်ကိုမိန်းကလေးတွေ
ဝိုင်းအုံပြီး ၀ယ်နေကြတာ။

"ဟိုမှာအစ်ကိုကြီးလာပြီ!!"

ခပ်လှမ်းလှမ်းမှာ သူ့ကိုကြည့်ရင်းပြုံးပြုံးကြီး
လျှောက်လာတဲ့ရိပေါ်။ခဏကြာတော့ ကားနားမှ
မိန်းကလေးတွေရဲ့အော်ဟစ်သံ။

"ရိပေါ်ကောမလားဟင်"

ချစ်စရာမျက်နှာဝိုင်းလေးနဲ့ ကောင်မလေး
တစ်ယောက်ရိပေါ်ရှေ့မှာ လက်နှစ်ဖက်
ဆန့်တန်းလို့သွားလမ်းကိုပိတ်လိုက်သည်ကြောင့်

လက်ပိုက်ပြီးကြည့်နေသည့်ရှောင်းကျန့်ပင်
လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ရိပေါ်ကို
ကြည့်မိတော့ သူ့ကိုကြည့်လိုက်ကောင်မလေးကို
ကြည့်လိုက်နှင့်အနားရောက်မလာ။

"အလကားကောင်!!"

မကျေမနပ်ရေရွတ်လို့နောက်ကြောင်းလှည့်ပြန်
တော့ ဂွတိုတို့က နားမလည်စွာကြည့်ကျန်နေခဲ့
သည်။
အခုမိန်းကလေးတစ်ယောက်လို စိတ်ကောက်နေ
တာက ရိပေါ်နောက်ကျလို့လား..
ဒါမှမဟုတ် ကောင်မလေးနဲ့သ၀န်တို.. .

"အာ..မဟုတ်ဘူး။ဒီတိုင်း အမြင်ကပ်လို့။
သူ့ကိုအမြင်ကပ်လို့"

မျက်နှာကိုခပ်ဆတ်ဆတ်လေးရိုက်ရင်း
သတိထားယူရသည်။အခုတလော စိတ်တွေ
လွတ်နေလို့ဖြစ်မှာ

"ကိုယ့်ကိုဘာလို့မစောင့်တာလဲ"

မောဟိုက်သံနည်းနည်းပါနေတဲ့ရိပေါ်အသံကို
လျစ်လျူရူလို့ နေနေလိုက်တော့ ထူးထူးခြားခြား
ထပြုံးတဲ့ ငနဲသား။

"သ၀န်တိုနေတာလား"

"ဟင့်အင်း။ဒေါသထွက်နေတာ။ငါ့ကိုကြိုက်တယ်
်ပြောပြီးတခြားမိန်းကလေးကို မျက်တောင်မခတ်
ပြန်ကြည့်နေနိုင်တဲ့မင်းလိုကောင်ကြောင့်
ငါ့သိက္ခာကျလို့ဒေါသထွက်နေတာ"

'Love' is in the boxing ring{Completed}Hikayelerin yaşadığı yer. Şimdi keşfedin