Part 14

11.7K 1.9K 95
                                    

"မင်းမျက်ကွင်းတွေညိုလှချည်လား"

ချင်းလန်စကားကို ခေါင်းဖြေးဖြေးလေးငြိမ့်ရင်းသာ
အဖြေပေးမိသည်။ညက ပါးပါးနှိပ်စက်ကောင်းလို့
၃နာရီထိ သူ့စာရင်းတွေထိုင်စစ်ရသည်လေ။

ထိုအကြောင်းကိုပြောပြမိတော့ အူနှိပ်ရယ်တဲ့
ချင်းလန်နဲ့ယွီပင်း။

"ဖြစ်ရလေကွာ။မင်းကကို ဉာဏ်မရှိတာ။
ငါသာမင်းနေရာမှာဆို ဟိုရွာပဲပြေးသွားလိုက်မယ်။
ဘာဖြစ်လဲကွာ..လမ်းပန်းဆက်သွယ်ရေး
မကောင်းတာပဲ ရောက်သွားရင်အဲ့မှာအေးဆေး
နားနေရုံ။"

"ဟ!ငါကဆိုင်ကယ်မစီးရရင် တစ်ရက်လေးတောင်
နေနိုင်တာမဟုတ်ဘူး"

"မင်းကလည်း။ဆိုင်ကယ်ပါယူခဲ့ပေါ့။လမ်းကြမ်းမှာလည်း
မောင်းဖူးတယ်ရှိတာပေါ့ကွာ။အသစ်အဆန်းလေးတွေလည်း
လုပ်ကြည့်ရအောင်ငါတို့လည်းလိုက်မယ်"

"ဟုတ်တယ်ငါ့ကောင်ရေ။ငါတို့လည်းပျင်းနေတာနဲ့
အတော်ပဲ။သွားရအောင်ကွာစိတ်ပြေလက်ပျောက်"

အတင်းနဲ့ တွန်းအားပေးနေတဲ့နှစ်ကောင်ကြောင့်
သူလည်း ခေါင်းငြိမ့်လိုက်ရသည်။

စာရင်းစစ်နေရတာထက်စာရင် သူများအိမ်
ဧည့်သည်သွားလုပ်ပြီးပဲ သာယာနေလိုက်တော့မယ်။

🔮🔮🔮🔮🔮

"အိမ်မှာလာနေပေးရင် လစာ၁သိန်းပေးမယ်ကွာ"

မယားဒရားအားကိုးလာတဲ့ ဦးလေးဝမ်က
ွအမွေစားအမွေခံ မမွေးစားရုံတမယ်သာ။
လစာ ၅သောင်းလေးကနေ ၁သိန်းထိ
တစ်ဖြည်ဖြည်း ထိုးတက်လာတာမို့
မားမားကလည်း ပျော်နေသည်။
ပါးပါးကလည်း သိပ်အလုပ် လုပ်စရာမလိုတော့။

ခက်နေသည်ကရှောင်ကျန့်။တစ်နေ့လုပ်ချိန်
၆နာရီကိုတောင် သိပ်လုပ်ချင်တာမဟုတ်။
အခုလိုသူ့အိမ်ခေါ်ထားရင် အားတိုင်း
ခိုင်းနေတော့မှာ။

"အလပ်တွေတအားခိုင်းမို့ခေါ်ထားတာ
မဟုတ်ပါဘူးကွာ။မင်းရဲ့အလုပ်ချိန်က
ပုံမှန်၆နာရီပဲ။အိမ်က အိမ်စောင့်က မြို့တက်သွားလို့
ငါတစ်ယောက်တည်းဖြစ်နေလို့ကွ။
မင်းကိုပဲ ယုံကြည်တာမလို့ ငါခေါ်တာပါကွာ"

'Love' is in the boxing ring{Completed}Where stories live. Discover now