Part 2

15.1K 2.3K 142
                                    

နတ်နန်းရဲ့ တံခါးဝရောက်တော့ ဂိတ်မှူးကောင်လေးက
သူ့ကိုဦးညွှတ်တယ်။သူ ပြန်အရိုအသေပေးပြီး
ခဏမှာတော့

"နတ်ဘုရားကြီးက ခဏစောင့်ဖို့ပြောပါတယ် ရေနတ်သား"

မျက်လွှာကိုအသာချလို့ဆိတ်ဆိတ်နေလိုက်တယ်။
ပြီးတော့ ဧည့်ဆောင်ဆီလျှောက်သွားလိုက်တယ်။
အလုပ်များတဲ့ နတ်ဘုရားကြီးမအားလျှင်
ဒီနေရာမှာ စောင့်နေရတာမို့။

အဆောင်တော်ဘေးက ကြာကန်လေးဆီလျှောက်သွားရင်း
လေအေးအေးရဲ့အရသာကိုခံစားနေလိုက်တယ်။
ကြာညိုရနံ့တွေက နှာခေါင်းထဲတိုးဝင်လာတာ
ခပ်သင်းသင်း။ကြာညိုအနံ့ကိုသူအရမ်းသဘောကျတာမို့
ဒီအဆောင်တော်လေးမှာ စောင့်စားရတာ သဘောကျတယ်။
ကြာညိုရနံ့က သူ့စိတ်တွေ လွတ်လပ်ပေါ့ပါးစေတဲ့အထိ
မွှေးပျံ့လွန်းတာကြောင့်။

"အ!!!ဗွမ်း"

နောက်ကနေတစ်ယောက်ယောက်ရဲ့
ဆောင့်တွန်းခြင်းကိုခံလိုက်ရတဲ့တစ်ခဏ
သူ့တစ်ကိုယ်လုံး ကြာကန်ထဲကိုပစ်စလတ်ခတ်။

ပြန်မော့ကြည့်မိတော့ ပါးစပ်ဟောင်းလောင်းနဲ့ ရှောင်းကျန့်။

"မင်းဒါဘာလုပ်တာလဲ!!"ဲ"

သူ့လေသံမာမာကြောင့် ရှောင်ကျန့်က သတိဝင်ကာ
တဟားဟားနဲ့အော်ရယ်တော့သည်။

"ဟား...ဟား..ဟား...ရေနတ်သား ၀မ်ရိပေါ်က
သတိကြီးလွန်းပါတယ်ဆို။
အခုများကန်ထဲတွန်းချခံလိုက်ရတာလွင့်ခနဲပဲ။
ဟား...ဟား...ဝေ့..လာကြည့်ကြပါအုံး။
မင်းတို့မမြင်ဖူးဘူးမလား။ရေနတ်သား ရေဆင်းကူးတာကို။
ဟား..ဟား"

နတ်သူငယ်လေးတွေက ကွက်ကြည့်ကြည့်ကာ
လာချင်သလိုလိုပြေးချင်သလိုလို။
ရှောင်းကျန့်ကတော့ ကြာကန်ဘောင်ပေါ်မှာ
အူလိုက်သည်းလိုက်ရယ်နေသည်။

"ဖူး!!!!!!"

သူ့ကိုယ်ပေါ် အလုံးအရင်းကျလာတဲ့ ရေလုံးကြီးနဲ့အတူ
ဆွေးမြေ့နေတဲ့ကြာရိုးများ။ခဏချင်းမှာပင်
ကန်ဘောင်ပေါ်က ရှောင်းကျန့် ကြွက်စုတ်ဖြစ်သွားသည်။
ကြည့်လိုက်မိတော့ကြာကန်ထဲမှာ ရေတစ်စက်တောင်မရှိတော့။

'Love' is in the boxing ring{Completed}Where stories live. Discover now