Part 40

11.7K 1.8K 66
                                    

အဖျားတက်နေသည့် ရှောင်းကျန့်ကိုယ်လေးကို
ရင်ခွင်ထဲကမထုတ်တော့သော ရိပေါ်ကြောင့်
အကုန်လုံးက မျက်စောင်းတခဲခဲ။
သေးသေးလေး ညည်းသံကြားသည်နှင့် ကလေး
အမေများလို တကျွတ်ကျွတ်လုပ်ပြီး သိပ်တော့တာ။
လုပ်တုန်းက အထိန်းအကွပ်မရှိလုပ်ပြီး ဖျားခါမှ
သည်းသည်းလှုပ်နေတာ မြင်လို့မှမကောင်း။

"အင့်!"

ဖျားနေတာက တစ်ယောက်ဆိုပေမဲ့ ကုတင်ပေါ်မှာ
ရှိနေတာက နှစ်ယောက်။သူ့ရင်ခွင်ထဲမြုပ်နေအောင်
အဖက်ခံထားရတဲ့ ရှောင်းကျန့်ကို စစ်ဆေးဖို့
လုပ်နေတဲ့ ဆရာဝန်ကြီးကတော့ ရိပေါ်ကို အတော်
မျက်မုန်းကျိုးပြနေသည်။

"မင်းအဲ့လိုလုပ်နေတော့ ငါကအလှကြည့်ပြီး ထပြန်ရမှာလား။"

"ဆေးမထိုးပါနဲ့ဆို။သောက်ဆေးပဲပေးခဲ့"

"မထိုးလို့မရလို့ပေါ့။အဖျားက အရမ်းကြီးနေတာ
မသိဘဲနဲ့"

"မသိဘူးဗျာ။ဆေးမထိုးနဲ့။"

အရင်က ထိပ်ထုလိုက် ဇက်ပိုးအုပ်လိုက်နဲ့
လက်သွက်လွန်းတဲ့ Family doctorကြီး
ကို ရိပေါ်တစ်ခွန်းတစ်ခံပြန်ပြောရဲလာတာ
ယုန်လေးကြောင့်။အပ်မျှင်မျှင်လေးကအစ
ယုန်လေးအသားကို ထိုးဖောက်တာ မလိုချင်ပါ။

ပြောမရသည့်အဆုံး Doctorကြီးလည်း
သောက်ဆေးတစ်ပုံတစ်ပင်ကြီးပေးခဲ့ပြီး
ပြန်သွားသည်။အကုန်လုံး အခန်းထဲက ထွက်သွား
တဲ့အထိ ယုန်ဖြူလေးက ရိပေါ်ရင်ခွင်ထဲမှာ
အိပ်မောကျတုန်း။တစ်ချက်တစ်ချက်ဝေဒနာကြောင့်
ကျလာတဲ့ မျက်ရည်စလေးတွေကို ခပ်ဖွဖွလေး
သုတ်ပေးရသေးသည်။ဖျားနာတဲ့အခါ အိပ်စက်
ခြင်းတောင်မက်မောစရာ မရှိသည်ပဲ။

"ဟင့်အင်း..ရိပေါ်..ရိပေါ်...!"

"ရှောင်းကျန့်...ရှောင်းကျန့်!"

အလူးလူး အလွန့်လွန့်နဲ့ ငိုသံပိစိလေးကြောင့်
ယုန်လေးကို နိုးဖို့ကြိုးစားလိုက်ရသည်။မျက်ရည်
စိုနေတဲ့ မျက်တောင်လေးတွေ အောက်က
မျက်ဝန်းညိုလေးမှာ မေးခွန်းလေးတွေ ဟိုတစ်စ
ဒီတစ်စ။

"ဘာဖြစ်လို့လဲ!"

"မင်း အိပ်မက်ဆိုး မက်နေလို့"

'Love' is in the boxing ring{Completed}Where stories live. Discover now