Part 47

12.1K 1.9K 97
                                    

"မယူဘူး....မယူဘူး..မယူဘူးလို့.."

ရှိသမျှအနားကစောင်တွေ ခေါင်းအုံးတွေပစ်လွှတ်
နေတဲ့ ရှောင်းကျန့်က အခန်းထဲဝင်လာသည့်
ရိပေါ်ကြောင့် အော်ဟစ်နေရာမှ ရပ်တန့်ကာ...

"ခမည်းတော်ကို ခေါ်ပေး။ငါပြန်မယ်"

"မင်းခမည်းတော်ကိုယ်တိုင်က ငါ့ကိုအပ်ခဲ့တာ။
မဆိုးနဲ့ ရှောင်းကျန့်"

"ငါမင်းနဲ့ မယူနိုင်ဘူး။ငါ့ကို အခု နန်းတော်ပြန်
ပို့ပေး"

စကားပြန်မလာသည့် ရိပေါ်က သူ့ကို အလေး
မထားစွာနှင့် ပေလွှာတစ်ထုတ်ကိုကောင်ကိုင်
လိုက်သည်။ရိပေါ် လှုပ်ရှားမှု မှန်သမျှကို
မျက်ထောင့်နီလေးနှင့် လိုက်ကြည့်နေသည့်
ရှောင်းကျန့်က ကိုယ်ပေါ်က စောင်ကို ဖယ်ခွာလို့
ကုတင်ပေါ်ကနေ ၀ရုန်းသုန်းကား ပြေးဆင်းဖို့
ပြင်သည်။တံခါးပေါက်နား ရောက်ခါနီး
ခါးကနေ လှမ်းဆွဲခံလိုက်ရတဲ့ ခံစားချက်နဲ့
အတူ လက်တစ်ဖက်ကလည်း ရိပေါ်လိမ်ချိုး
ထားလို့ အနောက်ရောက်နေလေပြီ။

"အ..အ။နာတယ် မအေဘေးရဲ့"

"ကတိဖျက်ရင် ငါဘာလုပ်မယ်ပြေထားလဲ"

"မင်းလိုချင်တာ ရသွားပြီးပြီပဲဟာ။အခု ဘာ
ဖြစ်ချင်နေသေးတာလဲ"

"ငါလိုချင်တာ အဲ့တာမှမဟုတ်တာ။ငါလိုချင်တာ
ကမင်းနဲ့ လက်ထပ်ချင်တာ"

"သေတောင်မစဉ်းစားနဲ့ ၀မ်ရိပေါ်။ငါဆိုတဲ့
ကောင်က မင်းရှေ့မှာ ထပ်အရူံးမခံတော့ဘူး"

"မင်းငါ့ကို ဘယ်တုန်းကမှ မနိုင်ပါဘူး"

"အရင်က မနိုင်ရင် အခု အနိုင်ယူပြမယ်။
မင်းနဲ့ငါရဲ့ လက်ထပ်ပွဲကို ငါကိုယ်တိုင်
ဖျက်ဆီးပြ...အ..အား"

"အဲ့လက်ထပ်ပွဲကို ဖျက်ဆီးဖို့ ပြောရဲသေးတဲ့
မင်းကို ဘယ်လိုအပြစ်ပေးသင့်လဲ"

လိမ်ချိုးခံထားရတဲ့ လက်ကလေးကနေ ရိပေါ်
ဆွဲလှည့်လိုက်တဲ့ အရှိန်ကြောင့် မျက်နှာချင်း
ဆိုင် ဖြစ်သွားရသည်။သွက်လွန်းတဲ့ ရိပေါ်
လက်တွေက သူ့ခါးလေးကို ဆွဲကပ်လိုက်တာမို့
ရိပေါ်လက်မောင်းတွေကြား မလူးသာမလွန့်သာ။

'Love' is in the boxing ring{Completed}Where stories live. Discover now