Part 58

21K 2.2K 301
                                    

နတ်နန်းရဲ့ သဘင်ခန်းမထဲ ပျားပန်းခတ်
သွားလာနေကြတဲ့ နတ်အပေါင်း။အလယ်က
စားပွဲရှည်ကြီးပေါ်မှာ တင်ထားတဲ့စားဖွယ်စုံ
တွေက များသောအားဖြင့် သစ်သီးတစ်မျိုးတည်းပင်။

မက်မွန်ပွဲတော်.....

နှစ်၅၀၀မှာ တစ်ခါကျင်းပတဲ့ မက်မွန်ပွဲတော်ဆီ
စကြာဝဋာမှာရှိသော နတ်မင်းအပေါင်း
တက်ရောက်ကြသည်။နတ်ဘုရားကြီးရဲ့
ဧည့်ဝတ်ကျေပွန်မှုအောက်မှာ အားလုံးအပြုံး
ကိုယ်စီနှင့်။ရောက်တက်ရာရာစကားတွေ
ပြောကြဆိုကြရင်း တရားကျင့်ကြံတော့မည့်
နတ်ဘုရားကြီးအတွက် ကောင်းချီးလည်းပေးနေ
ကြသည်။

ရယ်ရယ်မောမောစကားသံတွေနဲ့အတူ
ပြေးပြေးလွှားလွှား ကလေးတစ်အုပ်ကြားထဲ
ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်မလေး။
ဝတ်ရုံစကို မလို့ ဟိုပြေးဒီပြေးကလေးမလေးက
ဖဲကြိုးဖြူလေးကို တစ်ဖက်တစ်ချက်ဆီက
ဆံထုံးပုစိလေးမှာ ချည်နှောင်လို့ နတ်မင်းအပေါင်း
ရဲ့ကလေးတွေနဲ့ ဆော့ကစားနေသည်။

သူမက နန်းတက် နတ်ဘုရား ရေနတ်သားနဲ့
မြေနတ်သားတို့ရဲ့ ရင်နှစ်သည်းချာလေး
ဝူးကွေး။နန်းတက်ပွဲနှင့် မက်မွန်ပွဲ တစ်စုတစ်စည်း
တည်း ဆောင်ရွက်လိုက်တာကြောင့် ပိုစည်ကား
နေတဲ့ နန်းရင်ပြင်မှာ သူမပျော်နေတာမဆန်းပါ။

"အ!!!"

ရှေ့မကြည့်ဘဲ ပြေးမိရင်းက တစ်စုံတစ်ခုနဲ့
ဝင်တိုက်မိရင်းမှ ဖင်ထိုင်လျက်လဲကျသွားသည့်
ဝူးကွေး။ထောက်မိလျက်သားလက်ဖဝါးသေးသေး
လေး နှစ်ဖက်က အညစ်အကြေးတွေကိုခါလို့
တိုက်မိသည့်သူကိုရန်တွေ့ဖို့ ပြင်လိုက်ပေမဲ့...

"နာသွားလား ကလေး!!"

အသံချိုချိုလေးနဲ့ မုဆိုးထိုင်ထိုင်လို့ သူမ
လက်ဖဝါးလေးကို လာဆွဲယူတဲ့ ထိုလူ။

"နာ..အဲ မနာဘူးလို့ထင်တာပဲ..ဟီး!"

သွားကြိုးလေးတွေပေါ်အောင်ရယ်ပြတဲ့သူမကို
လနတ်သားက ချစ်စမွေးနှင့် ခေါင်းလုံးလုံးလေး
အား ခပ်ဖွဖွလေးပုတ်ပေးကာ

"အရမ်းမဆော့နဲ့။ခိုက်မိမယ်..ဟုတ်ပြီလား!"

"လနတ်သားက မက်မွန်ပွဲတော်ကိုလာတာလား"

'Love' is in the boxing ring{Completed}Where stories live. Discover now